တာချီလိတ်မြို့တွင် ဆိုင်ကယ်သူခိုးနှင့် ပစ္စည်းလက်ခံ ပုံဖျက်ပေးသူများနှင့်အတူ ဆိုင်ကယ် ၇ စီး သိမ်းဆည်းရမိ
တာချီလိတ်မြို့နယ်အတွင်း လှည့်လည်ကာ ဆိုင်ကယ်ခိုးယူနေသူ ၃ ဦးနှင့် ခိုးရာပါ ဆိုင်ကယ်များကို လက်ခံ ဝယ်ယူကာ ပုံဖျက်ပေးနေသူ ၃ ဦးတို့ကို ယနေ့ နံနက် အစောပိုင်းက ဖမ်းဆီးရမိကြောင်း တာချီလိတ်မြို့မ ရဲစခန်းမှ သိရသည်။






