ထန်းတပင်မြို့ နဲသမိန်ကျေးရွာတွင် မီးလောင်မှုဖြစ်ပွား

ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်၊ နဲသမိန်ကျေးရွာအုပ်စု၊ နဲသမိန်ကျေးရွာ၊ အမှတ် (၂)ရပ်ကွက်ရှိ ဦးမျိုးမင်းဦး၏ ကုန်စုံဆိုင်တွင် မတ်  ၂၆ ရက်၊ နံနက် ၉ နာရီ၊ မိနစ် ၄၀ ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှသိရသည်။
သီပေါမြို့နယ်တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

ဂန့်ဂေါမြို့အဝင်အနီးထိ တောမီးများ ကူးစက်လောင်ကျွမ်းလာသဖြင့် စနစ်တကျမီးငြှိမ်းသတ်ရ
ပုလဲ-ဂန့်ဂေါကားလမ်း ဂန့်ဂေါမြို့အဝင်အနီးထိ  ယမန်နေ့ ညနေ ၄ နာရီဝန်းကျင်က တောမီးများ ကူးစက်လာသဖြင့် မြို့နယ်မီးသတ်ဦးစီးဌာနက  ငြှိမ်းသတ်ခဲ့ရကြောင်း သိရ
လဝါးကျေးရွာ၌ ဆိုလာပြားဖြင့် ဘက်ထရီအားသွင်းထားရာမှ အပူလွန်ကဲပြီး နေအိမ်မီးလောင်မှုဖြစ်ပွား
ကချင်ပြည်နယ် ဖားကန့်မြို့နယ် လဝါးကျေးရွာအုပ်စု လဝါးကျေးရွာရပ်ကွက်(၃)၌ ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲက ဆိုလာပြားနှင့် ဘက်ထရီအားသွင်းထားရာမှ အပူလွန်ကဲပြီးနေအိမ်မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဘားအံမြို့၌ ဆီဖြည့်နေစဉ် ဆီဂေါက်နှင့် ပေပါပွတ်တိုက်မိရာမှ မီးလောင်မှုဖြစ်ပွားပြီး နှစ်ဦးဒဏ်ရာရ
ကရင်ပြည်နယ်၊ ဘားအံမြို့၊ (၅)ရပ်ကွက်ရှိ စက်သုံးဆီဆိုင်ဝင်းအတွင်း ဆီသိုလှောင်ကန်နေရာ၌ မတ် ၂၄ ရက် ညနေ ၄ နာရီက (၉)ရပ်ကွက်နေ သန့်ဇင်ထွန်း (၂၉)နှစ် (ဆိုင်မန်နေဂျာ) ဦးဆောင်၍ YGN 6N/XXXX ဆီဘောက်ဆာတွဲယာဉ်ပေါ်မှ ဓာတ်ဆီပေပါများသို့ ဆီထည့်သည့်ပိုက်ဖြင့် ဆီဖြည့်နေစဉ် ဆီဂေါက်နှင့် ပေပါပွတ်တိုက်မိရာမှ မီးစတင်လောင်ကျွမ်းခဲ့ကြောင်း သိရသည်။
ဘားအံမြို့နယ်၌ စကားများရန်ဖြစ်ရာမှ လက်ပစ်ဗုံးပေါက်ကွဲမှုဖြစ်၊ နှစ်ဦးသေ
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ အုန်းတပင်အနောက်ခြမ်းကျေးရွာနေ နန်းမြင့်မြင့်ဌေး (၂၄)နှစ်သည် မတ် ၂၄ ရက် နံနက် ၁ နာရီက နေအိမ်၌ရှိနေစဉ် ဖခင်ဖြစ်သူ ဦးစောဉာဏ်မြင့် (၄၆)နှစ်သည် အရက်မူးယစ်ပြီး နေအိမ်ပေါ်သို့တက်လာကာ
ဆိပ်ဖြူမြို့နယ်တွင် ဘက်ထရီအိုးဖြင့် ငါးရှော့တိုက်ဖမ်းရာမှ ရှော့ဖြစ်ပြီး အမျိုးသားတစ်ဦးသေဆုံး
မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်၊ အရှေ့ကံတွင်းကျေးရွာတွင် မတ် ၂၄ ရက် ည ၇ နာရီက အမျိုးသားတစ်ဦး ဘက်ထရီဖြင့် ငါးရှော့တိုက်ဖမ်းနေစဉ် ရှော့ဖြစ်ကာ သေဆုံးသွားကြောင်း သိရှိရသည်။