မြေပြင်မှာရပ်နားထားတဲ့ ဘိုးရင်း 737 MAX အမျိုးအစားလေယာဉ်တွေ လုပ်ငန်းခွင်ပြန်ဝင်ရမယ့်ရက် ကျော်လွန်

ဘိုးရင်း 737 MAX အမျိုးအစားလေယာဉ် နှစ်စင်းပျက်ကျရာ  လေယာဉ်ပေါ်ပါရှိသူ အားလုံး သေဆုံးတဲ့ အပြီးမှာ လေယာဉ်တွေ မြေပြင်မှာ ရပ်နားထားခဲ့ပါတယ်။ ရပ်နားထားတဲ့ လေယာဉ်တွေကို လုပ်ငန်းခွင်ပြန်ဝင်ရန် မေ ၂၃ ရက်က သတ်မှတ်ခဲ့ပေမယ့် ဘိုးရင်းဘက်က ဝေဟင်ကို သွားနိုင်ပြီဆိုတဲ့ အသိအမှတ်ပြုစာရွက်စာတမ်း မပေးသေးကြောင်း သိရပါတယ်။ 
ဟွာဝေးနဲ့ အဆက်အသွယ်ဖြတ်တောက်လိုက်သည့် ဂျပန် ကုမ္ပဏီ Panasonic
အမေရိကန် အစိုးရက တရုတ် တယ်လီကွန်း ကုမ္ပဏီ ဟွာဝေးကို လုံခြုံရေးအကြောင်းပြချက်ဖြင့်  ပိတ်ပင်မှုများ ပြုလုပ်လိုက်ပြီးနောက်ပိုင်းမှာ နည်းပညာကုမ္ပဏီများဟာ ဟွာဝေးနှင့် အဆက်အသွယ် ဖြတ်တောက်လာကြရာ ယနေ့မှာလည်း ဂျပန် ကုမ္ပဏီတစ်ခုဖြစ်တဲ့ Panasonic ကလည်း ဟွာဝေးအပေါ် အချို့အစိတ်အပိုင်းများ ထောက်ပံ့မှုကို ရပ်တန့်သွားမယ်လို့ ကြေညာလိုက်ပါတယ်။ ဂျပန်နဲ့ ဗြိတိန် မိုဘိုင်းကုမ္ပဏီကြီး လေးခုက ဟွာဝေးရဲ့ ထုတ်ကုန်အသစ်များ ဖြန့်ဖြူးမှုကို ရပ်တန့်မည်ဖြစ်ကြောင်း ကြေညာပြီးနောက်မှာ Panasonic ကုမ္ပဏီကလည်း ယခုကဲ့သို့ ထုတ်ပြန်ကြေညာလိုက်တာဖြစ်ပါတယ်။
ခန္ဓာကိုယ်ရုပ်အလောင်းကို မြေဆွေး အဖြစ်ပြောင်းလဲနိုင်ကြောင်း အမေရိကန်မှာ တရားဝင်ခွင့်ပြု
အမေရိကန်နိုင်ငံ ဝါရှင်တန်ပြည်နယ်မှာ ခန္ဓာကိုယ်ရုပ်အလောင်းကို မြေဆွေးအဖြစ် ပြောင်းလဲနိုင်ကြောင်း ဥပဒေတစ်ရပ်ကို သဘာဝပတ်ဝန်းကျင်ချစ်မြတ်နိုးသူ ပြည်နယ်အုပ်ချုပ်ရေးမှူးက မေ ၂၁ ရက်နေ့က လက်မှတ်ထိုးလိုက်ပြီဖြစ်ပါတယ်။
ဂူဂဲလ်ကုမ္ပဏီက ဟွာဝေးနှင့် လုပ်ငန်းဆောင်ရွက်မှုများကို ရပ်ဆိုင်း
အမေရိကန် အင်တာနက်ကုမ္ပဏီကြီးတစ်ခုဖြစ်သည့် ဂူဂဲလ်(Google) သည် အမျိုးသား လုံခြုံရေးဆိုင်ရာ  ခြိမ်းခြောက်မှုတစ်ခုဟု ယူဆသည့် တရုတ်နည်းပညာကုမ္ပဏီ ဟွာဝေးနှင့် အဆက်အသွယ်စတင်ဖြတ်တောက်နေပြီဖြစ်ကြောင်း မေ ၁၈ ရက်က ပြောကြားခဲ့သည်။
Facebook မှာ လိုက်ဖ်လွှင့်ခြင်းကို တင်းတင်းကျပ်စိစစ်သွားမယ်
နယူးဇီလန်နိုင်ငံက ဗလီတွေအား ဝင်ရောက်ပြစ်ခတ်ခြင်းကို Facebook  ကနေ လိုက်ဖ်လွှင့်ပြသွားခဲ့ပါတယ်။
ပယင်းကျောက်တစ်ခုအတွင်း ရှေးခေတ် ပင်လယ်သတ္တဝါတစ်ကောင်၏ ရုပ်ကြွင်းတွေ့ရှိ
တရုတ်သိပ္ပံပညာရှင်များဦးဆောင်သည့် နိုင်ငံတကာ သိပ္ပံပညာရှင် အဖွဲ့တစ်ဖွဲ့ဟာ ပယင်းကျောက်တစ်ခုအတွင်း လွန်ခဲ့သည့် နှစ်ပေါင်း သန်း ၁၀ဝ ခန့်က ခရုခွံကဲ့သို့ ခွေလျက် အလားသဏ္ဌာန်ရှိသည့် ammonite ခေါ် ရှေးခေတ် ပင်လယ်သတ္တဝါတစ်ကောင်၏ ရုပ်ကြွင်းများ ပါဝင်နေကြောင်း အတည်ပြုခဲ့ကြသည်။
ဖေ့စ်ဘုတ်မှ ခွဲထွက်လိုကြောင်း ပူးတွဲတည်ထောင်သူ ခရစ်ဟူးဂစ်ပြော