ဦးခိုက်ပူဇော် မဟာမကုဋရံသီ ဆံတော်ရှင် မြတ်မော်တင်စေတီတော်
မဟာသက္ကရာဇ် ၁၀၃ ခုနှစ် ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့တွင် သုံးလောကထွတ်ထား ရှင်တော်ဂေါတမမြတ် ဘုရားသည် ဘုရားအဖြစ်သို့ ရောက်ရှိတော်မူသည့်အခါက ဥက္ကလာပတိုင်း အသီကဉ္စနမြို့သား တဖုဿနှင့် ဘလ္လိက ကုန်သည်ညီနောင်တို့က အိန္ဒိယနိုင်ငံ မဇ္ဈိမဒေသသို့ ကုန်ရောင်းကုန်ဝယ်သွားရာ ဘုရား ပွင့်တော်မူခိုက်နှင့် ကြုံတွေ့သဖြင့် ဘုရားရှင်ကိုယ်တော်မြတ်အား ဖူးမြော်ခွင့်ရရှိပြီး မုတ်ကြွတ်ကျစ်တို့ကို လှူဒါန်းကာ “ဒေဝါဇိက သရဏဂုံ” ဆောက်တည်ခဲ့ကြလေသည်။





