၂၀၁၉ ခုနှစ်တွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ဟိုတယ်ကြီးများ၌ ပြည်တွင်း/ပြည်ပ ခရီးသွားဧည့်သည် နှစ်သိန်းကျော် ဝင်ရောက်တည်းခိုခဲ့
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ခရီးသွားဇုန်(၆)ခုရှိ ဟိုတယ်ကြီးများတွင် ၂၀၁၉ ခုနှစ်အတွင်း၌ ပြည်တွင်း/ပြည်ပခရီးသွား ၂၂၀၆၂၁ ဦးထိရှိခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးအောင်သူဦးထံမှ သိရသည်။






