ပုဂံဒေသတွင် နေဝင်ဆည်းဆာကြည့်ရှုရန် ပြုလုပ်ထားသည့် တောင်ကုန်းများတွင် လာရောက်ကြည့်ရှုသူများဖြင့် စည်ကား
နှစ်သစ်ကူးရုံးပိတ်ရက် ပြည်တွင်းပြည်ပ ခရီးသွားများနှင့် မြန်မာပြည်အရပ်ရပ်မှ ဘုရားဖူးဧည့်သည်များ ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုဇုန်ရှိ သမိုင်းဝင်ဘုရားပုထိုများ၊ သာသနိက အဆောက်အအုံးများတွင် လာရောက်လေ့လာသူ၊ ဘုရားဖူးသူများနှင့် ပုဂံနေဝင်ချိန် နေဝင်ဆည်းဆာကြည့်ရှုရန် ပြုလုပ်ထားသည့် တောင်ကုန်း(တု)များပေါ်တွင် ပုဂံနေဝင်ဆည်းဆာ ကြည့်ရှုသူများဖြင့် စည်ကားလျက်ရှိသည်။






