တောင်ကိုရီးယားတွင် ကိုဗစ်-၁၉ ကူးစက်သူ ၃၀၀၀ အထက် ရောက်ရှိခဲ့သည်မှာ ခုနစ်ရက်ရှိလာ

ဆိုးလ် ဒီဇင်ဘာ ၁

 

တောင်ကိုရီးယားနိုင်ငံတွင် နိုဝင်ဘာ ၂၉ ရက် ညသန်းခေါင်အထိ ကိုဗစ်-၁၉ ထပ်မံကူးစက်ဖြစ်ပွားသူ လွန်ခဲ့သော ၂၄ နာရီနှင့် နှိုင်းယှဉ်ပါက ၃၀၃၂ ဦး တိုးလာ ပြီးနောက် စုစုပေါင်း ကိုဗစ်-၁၉ ကူးစက်သူ ၄၄၇၂၃၀ အထိရှိလာခဲ့ကြောင်း သိရသည်။

 

နေ့စဉ် ကိုဗစ်-၁၉ ကူးစက် ဖြစ်ပွားမှုသည် ယမန်နေ့က အမြင့်ဆုံး ကူးစက်သူ အရေအတွက် ၃၃၀၉ ဦးထက် လျော့နည်းခဲ့သော် လည်း ကိုဗစ်-၁၉ ကူးစက်သူ ၃၀၀၀ အထက် ရောက်ရှိခဲ့သည် မှာ ခုနစ်ရက်ရှိလာပြီဖြစ်သည်။

 

မကြာသေးမီက မြင့်တက် လာသော ကိုဗစ်-၁၉ ကူးစက် ဖြစ်ပွားမှုများသည် ဆိုးလ်ဒေသ၏ ကိုဗစ်-၁၉ အစုလိုက် ကူးစက် ဖြစ်ပွားမှုကြောင့် ဖြစ်ကြောင်း သိရသည်။

 

ထပ်မံသော ကိုဗစ်-၁၉ ကူးစက်သူများအနက် ၁၁၇၆ ဦး မှာ ဆိုးလ်ဒေသခံများ ဖြစ်ကာ ၉၀၇ ဦးမှာ ချုံဂီပြည်နယ်မှဖြစ်ပြီး ၁၉၁ ဦးမှာ အင်ချွန်မှ ဖြစ်သည်။

 

ပြည်ပကူးစက်သူ ၂၉ ဦးနှင့် အတူ စုစုပေါင်း ပြည်ပကူးစက်သူ အရေအတွက် ၁၅၇၂၅ ဦးအထိ ရှိလာပြီဖြစ်သည်။ ။

 

ကိုဗစ်-၁၉ ကူးစက်ခံထားရ ပြီး စိုးရိမ်ရသော အခြေအနေ ခံစားနေရသူ ၆၆၁ ဦး အထိ တိုးလာခဲ့ပြီး ယမန်နေ့ကထက် ၃၂ ဦး လျော့လာခဲ့သည်။

 

ကိုဗစ်-၁၉ ကြောင့် ၄၄ ဦး ထပ်မံ သေဆုံးခဲ့သောကြောင့် စုစုပေါင်း သေဆုံးသူ ၃၆၂၄ ဦး အထိရှိလာခဲ့ပြီး သေဆုံးနှုန်းမှာ ၀ ဒသမ ၈၁ ရာခိုင်နှုန်းရှိသည်။

 

ဖေဖော်ဝါရီ ၂၆ ရက်တွင် အစုလိုက် ကာကွယ်ဆေးထိုးမှုများ စတင်ပြုလုပ်ခဲ့ချိန်မှစကာ ယခုအချိန်အထိ လူပေါင်း ၄၂၅၄၄၆၈၂ ဦး စုစုပေါင်း နိုင်ငံ့လူဦးရေ၏ ၈၂ ဒသမ ၉ ရာခိုင်နှုန်း ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးခဲ့ပြီးဖြစ်သည်။

 

ကိုဗစ်-၁၉ ကာကွယ်ဆေး အပြည့်အဝ ထိုးနှံပြီးသူပေါင်း ၄၁၀၁၁၄၁၅ ဦး သို့မဟုတ် ၇၉ ဒသမ ၉ ရာခိုင်နှုန်း ရှိပြီဖြစ်ပြီး အပိုဆောင်း ကာကွယ်ဆေးထိုး ပြီးသူ ၃၀၂၉၂၂၄ ဦးရှိသည်။

 

ဆင်ဟွာ