တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

နေပြည်တော် ၁၇  သြဂုတ်

 

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၏ ၂၀၁၈ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ယနေ့နံနက် (၁၀) နာရီ၌ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ရုံးအမှတ်(၁၄) ပတ်ဝန်းကျင်တွင် ကျင်းပရာ တိုင်းရင်းသား လူမျိုးများရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်က သတ်မှတ်နေရာတွင် စိန်တလုံး သရက်ပင်ကို စိုက်ပျိုးပေးသည်။

 

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက ပြည်ထောင်စုဝန်ကြီးရုံးနှင့် ဦးစီးဌာနများသို့ စိန်တလုံးသရက်ပျိုးပင်များကိုပေးအပ်ရာ ကိုယ်စားလှယ်များက လက်ခံရယူပြီး ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အရာထမ်း၊ အမှုထမ်းများက သတ်မှတ်နေရာအသီးသီး၌ စိန်တလုံးသရက်ပျိုးပင်းများကို စိုက်ပျိုးပေးခဲ့ကြသည်။  ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက အမှုထမ်းအရာထမ်းများ သစ်ပင်စိုက်ပျိုးပွဲကို လှည့်လည်ကြည့်ရှုအားပေးကြသည်။

 

တိုင်းရင်းလူမျိုးများရေးရာဝန်ကြီးဌာန၏ ၂၀၁၈ ခုနှစ် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲတွင် စိန်တလုံးသရက်ပျိုးပင်ပေါင်း (၁၅၀) ကို စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။ 

 

(သတင်းစဉ်)