တရုတ်မှာ လူကြိုက်များနေတဲ့ အဆာပြေ မုန့်ပို့စက်

၁၈ ဇူလိုင်

 

“little yellow horse” ဟာ နေ့စဉ်စားသုံးကုန်ဖြစ်တဲ့ အအေး၊ အသီးအနှံနဲ့ သွားရေစာတွေကို စတိုးဆိုင်ကနေ တရုတ်နိုင်ငံမြို့တော်ရှိ Kafka အိမ်ယာဝင်းထဲက မှာယူသူတွေထံ ပို့ဆောင်ပေးနေတဲ့ အလိုအလျောက် မုန့်ပို့စက်ငယ်လေး ဖြစ်ပါတယ်။ 

 

 

အလေးချိန်အားဖြင့် ၃၀ ကီလိုဂရမ်လေးပြီး ဘီးခြောက်ဘီး တပ်ဆင်ထားပါတယ်။ တစ်နာရီကို ၁၂ ကီလိုမီတာထိ သွားနိုင်ပြီး ဘေးပတ်ဝန်းကျင်ကို မြင်နိုင်ဖို့ ကင်မရာလေးလုံးလည်း ပါရှိပါတယ်။ GPS စနစ်နဲ့ချိတ်ဆက်ထားပြီး လမ်းမှာပိတ်ဆို့တားဆီးနေတာတွေကို ရှောင်ရှားနိုင်ဖို့ ရေဒါစနစ်လည်း ပါရှိပါတယ်။

 

 

လူတစ်ယောက် လမ်းဖြေးဖြေးလျှောက်နေသလို တစ်နာရီကို နှစ်မိုင်ခန့်ခရီးရောက်နိုင်တဲ့ အဆိုပါစက်မှာ ပါဆယ်ပစ္စည်းတွေထည့်ဖို့ အခန်းတစ်ခန်းပါရှိပါတယ်။ ပစ္စည်းတွေပေးပို့ရာမှာ အတော်လေး မြန်ဆန်ပေမယ့် အားနည်းချက်ကတော့ လူတစ်ယောက်လို မြေညီထပ်လို နေရာမှာ မနေတဲ့လူတွေအတွက် အခန်းရှေ့ထိ အရောက်ပို့မပေးနိုင်တာပဲ ဖြစ်ပါတယ်။ 

 

 

စက်အသုံးပြုခကို ငွေကြေးနဲ့ပေးချေရတာမဟုတ်ဘဲ အွန်လိုင်းရှော့ပင်းအတွက်လည်း အဆင်ပြေတာကြောင့် လူကြိုက်များနေတာဖြစ်ပါတယ်။ တရုတ်နိုင်ငံဟာ ကမ္ဘာ့အကြီးဆုံး အွန်လိုင်းရှော့ပင်းဈေးကွက်ဖြစ်ပြီး တရုတ်လူဦးရေတစ်ဝက်ကျော်ဟာ တစ်လလျှင် အနည်းဆုံးတစ်ကြိမ်တော့ စမတ်ဖုန်းအသုံးပြုပြီး ဈေးဝယ်ကြပါတယ်။ ဒါက တစ်ကမ္ဘာလုံးရဲ့ အွန်လိုင်းအသုံးပြုဝယ်ယူမှုနဲ့ယှဉ်လျှင် ၁၄ ရာခိုင်နှုန်းဖြစ်ပါတယ်။ 

 

“little yellow horse” က တဆင့် ပေးပို့စေချင်ရင်တော့ ဝယ်ယူသူတွေဟာ ပစ္စည်းဝယ်ယူရာမှာ လိပ်စာပေးဖို့ လိုအပ်ပြီး ဝန်ဆောင်ခကို ဖုန်းကတဆင့်ပေးချေရပါတယ်။ အရောင်းစင်တာက ဝန်ထမ်းတွေက မှာယူတဲ့ပစ္စည်းကို စက်ထဲမှာထည့်ပေးလိုက်ပြီး “little yellow horse” က အိမ်အရောက် လိုက်လံပို့ဆောင်ပေးမှာဖြစ်ပါတယ်။ လက်ရှိ တစ်နေ့ကို အထုပ်ရေ ၁၀ဝ မီလီယံခန့် ပို့ဆောင်ပေးနေပြီး နောက်ပိုင်းမှာ တစ်ဘီလီယံထိ ပို့နိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

 

ဘာသာပြန် > မိုးမမ
ကိုးကား > အေအက်ဖ်ပီ