တူရကီနိုင်ငံမှာ တရုတ်နိုင်ငံထုတ် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးထိုးနှံခြင်း အစီအစဉ် စတင်မယ်လို့ ကျန်းမာရေးဝန်ကြီး ပြောကြား

၂၅ ဒီဇင်ဘာ

 

 

တူရကီနိုင်ငံမှာ တရုတ်နိုင်ငံထုတ် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး ရက်ပိုင်းအတွင်း ပထမအကြိမ် လက်ခံရရှိမှာ ဖြစ်ပါတယ်။ ဆေးလက်ခံရရှိပြီး ရက်ပိုင်းအတွင်းမှာ Sinovac ကာကွယ်ဆေးကို စတင်ထိုးနှံပေးသွားမယ်လို့ ကျန်းမာရေးဝန်ကြီးက ကြာသပတေးနေ့မှာ ပြောခဲ့ပါတယ်။ တရုတ်နိုင်ငံထုတ် Sinovac ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုး ကာကွယ်ဆေးဟာ ၉၁ ရာခိုင်နှုန်း အစွမ်းထက်ကြောင်း၊ နိုင်ငံတွင်း စမ်းသပ်မှုတွေကနေ အချက်အလက်များ ရရှိပြီးဖြစ်ကြောင်း နဲ့ လာမယ့် တနင်္ဂနွေနေ့မှာ တရုတ်နိုင်ငံကနေ ကာကွယ်ဆေးတွေ ပို့ဆောင်ပေးမှာဖြစ်ကြောင်း ကျန်းမာရေး ဝန်ကြီးက ထည့်သွင်း ပြောကြားထားပါတယ်။

 

 

တူရကီနိုင်ငံက Pfizer/ BioNTech ထုတ် ကာကွယ်ဆေး ၄ ဒသမ ၅ သန်း ရရှိရေး သဘောတူညီချက်ကို လာမယ့် ရက်ပိုင်းအတွင်း လက်မှတ်ရေးထိုးမှာ ဖြစ်ပါတယ်။ အဲဒီ သဘောတူညီချက်အရ နောက်ထပ် ဆေးအလုံးရေ သန်း ၃၀ ရနိုင်ကြောင်း ပါရှိပါတယ်။

 

 

တရုတ်နိုင်ငံထုတ် Sinovac ကာကွယ်ဆေး ၃ သန်းကို ကနဦးအနေနဲ့ လက်ခံရရှိမှာဖြစ်ပြီး စုစုပေါင်း ဆေးအလုံးရေ သန်း ၅၀ ရရှိနိုင်မယ်လို့ သိရပါတယ်။ ကာကွယ်ဆေး ထိုးနှံခြင်း အစီအစဉ်ကို လာမယ့်လမှာ စတင်နိုင်ပြီး ကျန်းမာရေးဝန်ထမ်းတွေနဲ့ စိုးရိမ်ရတဲ့လူတွေကို  ဦးစားပေး ထိုးနှံပေးသွားမယ်လို့ ဆိုပါတယ်။

 

mdn

 

 

Sinovac ကာကွယ်ဆေး စမ်းသပ်မှုမှာ တူရကီနိုင်ငံက လူပေါင်း ၇,၃၇၁ ဦး ပါဝင်ပြီး ကာကွယ်ဆေးဟာ ၉၁ ဒသမ ၂၅ ရာခိုင်နှုန်း အစွမ်းထက်ပေမယ့် တတိယအဆင့် စမ်းသပ်မှုအနေနဲ့ အားလုံးမပြီးသေးကြောင်း သိရပါတယ်။

 

 

ကျန်းမာရေးဝန်ကြီးက ကာကွယ်ဆေးကို တစ်နေ့လျှင် လူပေါင်း ၁ ဒသမ ၅ သန်း သို့မဟုတ် ၂ သန်းအထိ ထိုးပေးနိုင်ကြောင်း ပထမအဆင့်ကို လူပေါင်း ၉ သန်း အထိ ထိုးနှံပေးမယ်လို့ ဝန်ကြီးက ပြောပါတယ်။

 

 

လူဦးရေ ၈၃ သန်းနေထိုင်တဲ့ တူရကီနိုင်ငံမှာ ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ ၂ ဒသမ ၂ သန်း နဲ့  ၁၉,၁၁၅ ဦး ရှိကြောင်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

 

 

MDN

ကိုးကား - AFP