နေပြည်တော်  ၁၅  ဖေဖော်ဝါရီ

 

၂၀၁၉ ခုနှစ်၊ ဇွန်လတွင် ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့၌ ကျင်းပမည့် (၁၀၈) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာညီလာခံသို့ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမားကိုယ်စားလှယ်များဖြင့် သုံးပွင့်ဆိုင်တက်ရောက်နိုင်ရေးအတွက် အလုပ် သမားကိုယ်စားလှယ်တစ်ဦး ရွေးချယ်ပေးရေးညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အစည်းအဝေးခန်းမ(၂) တွင် ကျင်းပသည်။

 

ညှိနှိုင်းအစည်းအဝေးသို့ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ဒုတိယညွှန်ကြား ရေးမှူးချုပ် ဦးအောင်ဌေးဝင်းနှင့်တာဝန်ရှိသူများ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (CTUM)၊ မြန်မာနိုင်ငံတောင်သူလယ်သမား၊ စိုက်ပျိုးရေးနှင့် စားသောက် ကုန်ထုတ်လုပ်ငန်းဆိုင်ရာအလုပ် သမားသမဂ္ဂများအဖွဲချုပ် (AFFM-IUF)၊ မြန်မာ နိုင်ငံတောင်သူလယ်သမားနှင့် စိုက်ပျိုးရေး အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (AFFM) တို့မှ အလုပ်သမားကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

 

ညှိနှိုင်းအစည်းအဝေးတွင် ၂၀၁၉ ခုနှစ်၊ ဇွန်လတွင် ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့၌ ကျင်းပမည့် (၁၀၈) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာ ညီလာခံသို့ တက်ရောက်မည့်  အလုပ် သမားကိုယ်စားလှယ်ကို ဝန်ကြီးဌာနမှ ကြားဝင်ဆောင်ရွက် ပေးရခြင်းမရှိဘဲ အချင်းချင်းညှိနှိုင်း ရွေးချယ်ပေးကြရန်နှင့် အဖွဲ့ချုပ်များအချင်းချင်း ညှိနှိုင်းရွေးချယ်၍မရပါက  ILO Criteria  နှင့် အညီဆောင်ရွက်ကြရာမှာဖြစ်ကြောင်း၊ ယခုနှစ်သည် ILO ၏ နှစ် ၁၀ဝ ရာပြည့်ရောက်ရှိသည့် နှစ်ဖြစ်သည့်အတွက်လည်း အလုပ်သမားကိုယ်စားလှယ်ကို အဖွဲ့ချုပ်များအချင်းချင်းညီညီညွတ် ညွတ်ညှိနှိုင်းရွေး ချယ်ပေးခြင်းဖြင့် နိုင်ငံအတွက် ကောင်းမွန်သောပုံရိပ်ကို ပြသနိုင်မည်ဖြစ် ကြောင်း  ဆွေးနွေးပြောကြားခဲ့ပြီး တက်ရောက်လာကြသော ကိုယ်စားလှယ်များမှလည်း ၄င်းတို့ အချင်းချင်းညှိနှိုင်းဆောင်ရွက်၍ အကြောင်းပြန်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။

 

(သတင်းစဉ်)