နေပြည်တော်  ၂၆  ဖေဖော်ဝါရီ 
    

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့စာတိုက်လုပ်ငန်းမှ (၁၂)လ ရာသီပွဲတော်များနှင့်ပန်းများ အထိမ်းအမှတ် တပေါင်းလအတွက် သဲပုံစေတီပွဲနှင့် သရဖီပန်း ၂၀ဝ ကျပ်တန် အထူးထုတ်စာပို့ တံဆိပ်ခေါင်းသစ်(၁)မျိုးအား ၂၀၁၉ ခုနှစ်၊ မတ်(၆)ရက် မြန်မာသက္ကရာဇ် ၁၃၈၀ပြည့်နှစ် တပေါင်းလဆန်း(၁)ရက် ဗုဒ္ဓဟူးနေ့ နံနက် ၉နာရီခွဲ မှ စတင်၍ တိုင်းဒေသကြီး/ပြည်နယ်များရှိ လုပ်ငန်းပြည့်စာတိုက်အသီးသီးတွင် ရောင်းချ ပေးသွားမည်ဖြစ်သည်။
    

အထူးအစီအစဉ်တစ်ရပ်အနေဖြင့် နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာ တိုက်ကြီးနှင့် မန္တလေးစာတိုက်ကြီးတို့၌ မတ်(၆)ရက်၌ ဝယ်ယူသော စာပို့တံဆိပ် ခေါင်းများနှင့် ပထမနေ့စာအိတ် (Firstday Cover)များပေါ်တွင် နေ့စွဲအမှတ်အသား တံဆိပ်ရိုက်နှိပ်ပေးမည်ဖြစ်ကြောင်း သိရသည်။
 

(သတင်းစဉ်)