မန္တလေး ၂၆ ဖေဖော်ဝါရီ


မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ တမ္ပဝတီရပ်၊ သူကြွယ်ကုန်း တွင်ရှိသည့် အာဇာနည် ဗိမာန်တွင် ၁၃၀ဝ အရေးတော်ပုံတွင် ကျဆုံးခဲ့သော အာဇာနည် (၁၇) ဦး၏ နှစ် (၈၀) ပြည့် နှစ်ပတ်လည်နေ့ အခမ်းအနားကို ဖေဖော်ဝါရီလ (၂၆) ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည်။

 

1


အခမ်းအနားတွင် နိုင်ငံရေး ပါတီအချို့၊ အရပ်ဖက် အဖွဲ့အစည်းများ၊ နိုင်ငံရေးအင်းအားစုများ၊ တောင်သူလယ်သမားအရေး တက်ကြွလှုပ်ရှားသူများ တက်ရောက်ခဲ့ပြီး ပန်းခွေချခြင်း၊ အလေးပြုခြင်းများ ပြုလုပ်ခဲ့သည်။

 

1


"ဒီအခမ်းအနား ကျင်းပရတဲ့ ရည်ရွယ်ချက်က နယ်ချဲ့လက်အောက်ကနေ လွတ်လပ်ရေး ရဖို့အတွက် တိုက်ပွဲဝင်ရင်း ကျဆုံသွားတဲ့ အာဇာနည်တွေ ကျေးဇူးရှင်တွေကို ဂုဏ်ပြုသတိရ အောက်မေ့တဲ့ အနေနဲ့ ကျင်းပတာပါ။ နောက်ပြီးတော့ မန္တလေးမြို့ရဲ့ ထိန်းသိမ်းသင့်တဲ့ အမွေအနှစ် တစ်ခုကို မမေ့ပျောက်အောင် ဖော်ဆောင်ပြီး ဆက်လက် ထိန်းသိမ်းနိုင်ဖို့ ရည်ရွယ်ပါတယ်။" ဟု ၁၃၀ဝ ပြည့် အရေးတော်ပုံ မန္တလေးမြို့ အာဇာနည် ၁၇ ဦး ၇၇ နှစ်ပြည့် အထိမ်းအမှတ်ပွဲ ကျင်းပရေး ကော်မတီ အဖွဲ့ဝင် ဦးမင်းထက်ငြိမ်းချမ်းက ပြောသည်။

 

123


အဆိုပါ အခမ်းအနားတွင် အလုပ်သမား သမဂ္ဂများ၊ လယ်သမား သမဂ္ဂများ၊ နိုင်ငံရေးပါတီများ၊ လူမှုကူညီရေး အသင်းများ၊ ရွှေဝါရောင် သံဃာကွန်ရက်၊ မန္တလေးမြို့ နိုင်ငံရေး အင်အားစု၊ မန္တလေးမြို့ အမျိုးသမီး နိုင်ငံရေး အင်အားစုများ တက်ရောက် ဂါရဝပြု လွမ်းသူ့ပန်းခွေ ချခဲ့သည်။

 

1


မန္တလေးမြို့တွင် ၁၃၀ဝ ပြည့်နှစ်က ကိုလိုနီ အစိုးရကို ကန့်ကွက် ဆန္ဒပြမှုများ ပြုလုပ်ရာ နယ်ချဲ့စစ်သားများက ပစ်ခတ်သဖြင့် ရဟန်းရှင်လူ (၁၇) ဦး ကျဆုံးခဲ့ကာ ရုပ်ကလာပ်များကို အိမ်တော်ရာ၌ ပြည်သူ့ဈာပနအဖြစ် ထားရှိ၍ နေမျိုးမဟာသီဟသူရဘွဲ့ကို ပေးအပ်ခဲ့ကြသည်။ ထို့နောက် တမ္ပဝတီရပ် သူကြွယ်ကုန်းတွင် အာဇာနည်(၁၇) ဦးဗိမာန် ဆောက်လုပ်ခဲ့ကြသည်။


သူရိန်လင်း

 

1