ရန်ကုန် အောက်တိုဘာ ၂၉
အောက်တိုဘာ ၃၀ ရက်မှ နိုဝင်ဘာ ၂ ရက်အထိ ထိုင်းနိုင်ငံ၌ကျင်းပမည့် 16th Singha Thailand Junior World Golf Championships 2025 ဂေါက်သီးရိုက်ပြိုင် ပွဲယှဉ်ပြိုင်ရန် မြန်မာဂေါက်သီးရိုက် အားကစားအဖွဲ့သည် အောက်တိုဘာ ၂၈ ရက် နံနက်ပိုင်းက ရန်ကုန်မြို့မှ ထွက်ခွာသွားရာ မြန်မာနိုင်ငံ ဂေါက်သီးအားကစားအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ဆွေမျိုးမိတ်သင်္ဂဟများက ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ပို့ဆောင်နှုတ်ဆက်ကြသည်။
ပြိုင်ပွဲဝင် မြန်မာဂေါက်သီးရိုက်အဖွဲ့တွင် အဖွဲ့ခေါင်းဆောင်အဖြစ် ဦးမြင့်ဇော်(တွဲဖက်အတွင်းရေးမှူး၊ မျိုးဆက်သစ်လူငယ် အားကစားသမားများ ဆပ်ကော်မတီ)၊ နည်းပြအဖြစ် အောင်ဆန်းမျိုး (Professional Golfers)၊ အားကစားသမားများအဖြစ် Junior Golf Myanmar (JGM) မှ မင်းခန့်သော်၊ ခန့်ဘုန်းလျန်၊ ကျော်နေစိုး၊ နိုင်ဦးကို၊ ကျော်သံလွင်ဟိန်း၊ Choi Hwan၊ လင်းထက်ညီ၊ ပြည့်ဖြိုးထွဋ်၊ အောင်သန်းထွဋ်၊ ထူးမြတ်အောင်၊ ချိုသာအောင်နှင့် ဆုနှင်းဖြူတို့ ပါဝင်သည်။ မြန်မာလူငယ် ဂေါက်သီးရိုက်အဖွဲ့သည် ယင်းပြိုင်ပွဲ၏ အမျိုးသား ၁၅-၁၈ နှစ်တန်းတွင် မင်းခန့်သော်၊ ခန့်ဘုန်းလျန်၊ ကျော်နေစိုး၊ အမျိုးသား ၁၃-၁၄ နှစ်တန်းတွင် နိုင်ဦးကို၊ ကျော်သံလွင်ဟိန်း၊ Choi Hwan၊ လင်းထက်ညီ၊ ပြည့်ဖြိုးထွဋ်၊ အောင်သန်းထွဋ်၊ အမျိုးသား ၁၁-၁၂ နှစ်တန်းတွင် ထူးမြတ်အောင်၊ အမျိုးသမီး ၁၅-၁၈ နှစ်တန်းတွင် ဆုနှင်းဖြူနှင့် အမျိုးသမီး ၁၃-၁၄ နှစ်တန်းတွင် ချိုသာအောင်တို့ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။
ကိုညီလေး


