17th Vietnam Amateur Open 2022 ဂေါက်သီးရိုက်ပြိုင်ပွဲတွင်  မြန်မာဂေါက်သီးရိုက် အားကစားသမား လှိုင်မင်းထက် တတိယဆုဆွတ်ခူး

 

ရန်ကုန်   ဇူလိုင်   ၂၅

 

ဇူလိုင် ၂၁ ရက်မှ ၂၄ ရက်အထိ ဗီယက်နမ်နိုင်ငံ၌ ကျင်းပသည့် 17th Vietnam Amateur Open 2022 ဂေါက်သီးရိုက်ပြိုင်ပွဲတွင်   မြန်မာဂေါက်သီးရိုက် အားကစားသမား လှိုင်မင်းထက် ဝင်ရောက်ယှဉ်ပြိုင်ရာ တတိယဆု ဆွတ်ခူးရရှိခဲ့သည်။

 

လှိုင်မင်းထက်သည်  ပြိုင်ပွဲပထမနေ့တွင် ၇၅ ချက်၊  ဒုတိယနေ့တွင် ၇၃ ချက်၊ တတိယနေ့တွင် ၇၃ ချက်၊ စတုတ္ထနေ့တွင် ၇၁ ချက် လေးရက်ပေါင်း စုစုပေါင်းရိုက်ချက်   ၂၉၂  ချက်ဖြင့် တတိယဆု ရရှိခဲ့သည်။   ပြိုင်ပွဲအပြီးတွင်  Tunyapat Sukkoed (ထိုင်း) က ပထမ၊ Nguyen Anh Minh (ဗီယက်နမ်) က   ဒုတိယဆုရရှိကြသည်။  ယင်းပြိုင်ပွဲတွင် ကစားသမား ၉၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်သည်။ လှိုင်မင်းထက်သည် ယခုပြိုင်ပွဲ၏ ပြိုင်ပွဲအကြို လေ့ကျင့်ရက်တွင်   ကျင်းအမှတ်  ၁၃ ၌  တစ်ချက်တည်း ကျင်းဝင်ခဲ့သည်။

 

ကိုညီလေး၊ ဓာတ်ပုံ-MGF