နေပြည်တော် ၁၉ ဖေဖော်ဝါရီ
မြန်မာနိုင်ငံတွင် ထူးချွန်သော လူငယ်ဂေါက်သီး အားကစားသမားများ ထွက်ပေါ်လာရေးအတွက် မြန်မာနိုင်ငံ ဂေါက်သီးအဖွဲ့ချုပ်နှင့် Junior Golf Myanmar (JGM) မှ ကြီးမှူး၍ Jasmine Palace Hotel ၏ အဓိကပံ့ပိုးကူညီမှုဖြင့် အကြိမ် ၂၀ မြောက် Myanmar Junior Golf Tour 2019 (Jasmine Palace Cup) ပြိုင်ပွဲကို မတ် ၂ ရက်မှ ၃ ရက်အထိ ရန်ကုန်မြို့ရှိ မြို့တော်ဂေါက်ကွင်း - ရန်ကုန် (မြကန်သာ)၌ ကျင်းပသွားမည်ဖြစ်သည်။
အဆိုပါပြိုင်ပွဲတွင် အသက် ၁၂ နှစ်အောက်၊ ၁၄ နှစ်အောက်နှင့် ၁၈ နှစ်အောက်ဟူ၍ သက်တမ်းအလိုက် ကန့်သတ်ထားပြီး စိန့်အင်ဒရူးဂေါက်သီး စည်းမျဉ်းများနှင့် ဒေသန္တရ စည်းမျဉ်းများအတိုင်း ကျင်းပသွားမည်ဖြစ်သည်။
ပြိုင်ပွဲဝင် ဂေါက်သီးအားကစားသမားများ အနေဖြင့် Entry Fees နှင့် Green Fees တို့ကို အခမဲ့ရရှိမည်ဖြစ်သည်။ ပါဝင်ယှဉ်ပြိုင်လိုကြသည့် အားကစားသမားများအနေဖြင့် မျိုးဆက်သစ် အားကစားသမားများအဖွဲ့ ဖုန်း - ဝ၉၅၁၃၂၅၅၁၊ ဝ၉၅၁၀၉၅၅၄၊ ဝ၉၅၁၁၃၉၅၉၊ ဝ၉၅၀၄၂၆၃၃ နှင့် ဝ၉၅၀၁၉၈၈ တို့ကို ဖေဖော်ဝါရီ ၂၈ ရက် နောက်ဆုံးထား၍ အမည်စာရင်း ပေးသွင်းနိုင်ကြောင်း သိရှိရသည်။
ကိုမင်းစိုး


