နေပြည်တော် ၂၅ ဖေဖော်ဝါရီ
၂၀၁၈ ခုနှစ် ဒီဇင်ဘာလတွင် ကျင်းပခဲ့သည့် အဘိဓမ္မာ၊ ဂုဏ်ထူးဆောင်နှင့် ဝိသုဒ္ဓိမဂ် စာမေးပွဲများတွင် ပြည်တွင်း၊ ပြည်ပ စာဖြေဌာနများ၌ ဖြေဆိုအောင်မြင်ခဲ့ကြသူများ၏ အမည်စာရင်းကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာရေးဦးစီးဌာနက ယနေ့တွင် ထုတ်ပြန်ကြေညာသည်။
အဘိဓမ္မာ စာမေးပွဲတွင် စာဖြေဌာန (၁၅၅) ဌာန၌ ဖြေဆိုသူ (၁၁၉၈၇) ဦးအနက် အောင်မြင်သူ ၁၀၇၂၀ နှင့် နှစ်ချင်းပေါက် သုံးဆင့်လုံးအောင်မြင်သူ ၃၀၇၀ ရှိပြီး အမှတ် အများဆုံး ပထမဆုကို ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာစာဖြေဌာနမှ ဒေါ်မွန်မွန်ကျော်၊ ဒုတိယဆုကို မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်စာဖြေဌာနမှ ဒေါ်အိမွန်နှင့် တတိယဆု ကို ဧရာဝတီတိုင်းဒေသကြီး မြစ်ကွေ့စာဖြေဌာနမှ ဒေါ်အိမွန်ဦးတို့က ဆွတ်ခူးရရှိကြသည်။
အဘိဓမ္မာဂုဏ်ထူးဆောင်စာမေးပွဲတွင် စာဖြေဌာန (၁၂၆) ဌာန၌ ဖြေဆိုသူ (၂၀၉၆) ဦးအနက် အောင်မြင်သူ (၂၀၄၈) ဦးနှင့် နှစ်ချင်းပေါက် သုံးဆင့်လုံးအောင်မြင်သူ (၁၀၂၈) ဦးရှိ ပြီး အမှတ်အများဆုံး ပထမဆုကို ရန်ကုန်တိုင်းဒေသကြီး လှိုင်စာဖြေဌာနမှ ဒေါ်မာလာနှင်း၊ ဒုတိယဆုကို မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံစာဖြေဌာနမှ ဒေါက်တာကျော်ကျော်စိုး နှင့် တတိယဆုကို စစ်ကိုင်းတိုင်းဒေသကြီး မုံရွာစာဖြေဌာနမှ ဒေါ်မူမူမြင့်တို့က ဆွတ်ခူးရရှိ ကြသည်။
ဝိသုဒ္ဓိမဂ်စာမေးပွဲတွင် စာဖြေဌာန(၁၀၇)ဌာန၌ ဖြေဆိုသူ (၁၈၄၆) ဦးအနက် အောင် မြင်သူ (၁၇၀၁) ဦးနှင့် နှစ်ချင်းပေါက် သုံးဆင့်လုံးအောင်မြင်သူ (၄၀၇) ဦးရှိပြီး အမှတ်အများ ဆုံး ပထမဆုကို မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးစာဖြေဌာနမှ မယဉ်မွန်သိမ့်သိမ့်ကျော်၊ ဒုတိယဆုကို စင်္ကာပူနိုင်ငံ စင်္ကာပူစာဖြေဌာနမှ မမေသင်းအေးနှင့် တတိယဆုကို ရန်ကုန်တိုင်းဒေသကြီး သာကေတစာဖြေဌာနမှ ဒေါ်တင်တင်ထွေးတို့က ဆွတ်ခူးရရှိကြသည်။
အဆိုပါ စာမေးပွဲများ၏ အောင်စာရင်းအပြည့်အစုံကို တိုင်းဒေသကြီးနှင့် ပြည်နယ်များ ရှိ သာသနာရေးမှူးရုံးများ၊ စာဖြေဌာနများရှိ သံဃနာယကအဖွဲ့များနှင့် မြို့နယ်အုပ်ချုပ်ရေး မှူးရုံးများ၌ ကြည့်ရှုနိုင်ကြောင်း သာသနာရေးဦးစီးဌာနမှ သိရသည်။
(သတင်းစဉ်)


