၂၀၁၈ ရုရှားကမ္ဘာ့ဖလားပြိုင်ပွဲမှ အင်္ဂလန်ကစားသမား ၁၆ ဦးအထိ ၂၀၂၂ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲတွင် လွဲချော်မည်

ဇွန် ၁၀၊ ၂၀၂၂

ရုရှားနိုင်ငံမှာ  ကျင်းပခဲ့တဲ့  ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အင်္ဂလန်အသင်းနဲ့ အတူ ပါဝင်ကစားခဲ့တဲ့ ကစားသမားတွေ ထဲကနေ  ကစားသမား ၁၆ ဦးအထိ ၂၀၂၂ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာ  လွဲချော်ရ တော့မှာဖြစ်ပါတယ်။

အင်္ဂလန်အသင်းဟာ   ရုရှားကမ္ဘာ့ ဖလားမှာ   ဆီမီးဖိုင်နယ်အဆင့်အထိ တက်လှမ်းနိုင်ခဲ့ပြီး ရုရှားကမ္ဘာ့ဖလားမှာ ပါဝင်ကစားခဲ့တဲ့  အင်္ဂလန်ကစားသမား တွေထဲက ကိုးဦးသာလျှင်  ကာတာကမ္ဘာ့ ဖလားပြိုင်ပွဲမှာ  အင်္ဂလန်လက်ရွေးစင် အသင်းနဲ့အတူ   ပြန်လည်ပါဝင်လာမှာ ဖြစ်ပါတယ်။

အင်္ဂလန်အသင်းနည်းပြ ဆောက်ဂိတ် ဟာ  အသက်ကြီးတဲ့ကစားသမားတွေနဲ့ ခြေစွမ်းပိုင်းကျဆင်းနေတဲ့ ကစားသမား တွေကို ချန်ထားခဲ့ပြီး ကာတာကမ္ဘာ့ဖလား ပြိုင်ပွဲအတွက် ဖီးလ်ဖိုဒန်၊ ဘူကာယို ဆာကာနဲ့  မာဆင်မောင့်တို့ကဲ့သို့သော လူငယ်ခြေတက်ကစားသမားတွေကို ဦးစားပေးရွေးချယ်ခဲ့တာဖြစ်ပါတယ်။


ငွေကြယ်