နေပြည်တော် ၁၂ ဖေဖော်ဝါရီ
၂၀၁၉ ခုနှစ်၊ (၇၂)ကြိမ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် Myanmar Union Day Peace Run (၅)ကီလိုမီတာ အပြေးပြိုင်ပွဲများကို နိုင်ငံတစ်ဝှမ်းလုံးရှိ မြို့ကြီးများတွင် ကျင်းပပြုလုပ်လျက်ရှိရာ ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ မိဘပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ၏ စုပေါင်းအပြေးပြိုင်ပွဲကို ယနေ့နံနက် ၅ နာရီခွဲက ဥပ္ပါတသန္တိဘုရားဝင်းရှေ့၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားသို့ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ နေပြည်တော်ကောင်စီဝင် ဦးတင်ထွန်း၊ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဦး၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ Myanmar Distribution Group, Managing Director ဦးအောင်မော်သိန်း၊ Coporate Nutrition Manager, Nestle Myanmar Ltd ဒေါက်တာဆုနွယ်ဇော်နှင့် တာဝန်ရှိသူများ၊ အခြေခံပညာ ကျောင်းပေါင်းစုံမှ ကျောင်းသား (၆၀ဝ)ဦး၊ ကျောင်းသူ (၁၀ဝ)ဦး စုစုပေါင်းအင်အား (၇၀ဝ)ဦး တက်ရောက်ကြသည်။
အဆိုပါ(၅)ကီလိုမီတာ မီနီမာရသွန်ပြိုင်ပွဲကို အမျိုးသား/အမျိုးသမီး (၂)သုတ်ခွဲ၍ နေပြည်တော်ကောင်စီဝင် ဦးတင်ထွန်းမှ သေနတ်ပစ်ဖောက် တာလွှတ်ပေးခဲ့ရာ ဥပ္ပါတသန္တိ ဘုရားဝင်းအရှေ့မှ ရာဇဌာနီလမ်းအတိုင်း နေပြည်တော်ကောင်စီ လမ်းလယ်ကျွန်းမှ ပြန်လှည့်၍ ဥပ္ပါတသန္တိဘုရားဝင်းအရှေ့ တာလွှတ်သည့်နေရာမှာပင် ပန်းဝင်ခဲ့သည်။
ဆက်လက်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်မှ အမျိုးသားပြိုင်ပွဲတွင် ပထမဆုရရှိသော ကျောနံပါတ်(ဝ၅၉) ဇော်မင်းထွန်းအားလည်းကောင်း၊ နေပြည်တော်ကောင်စီဝင် ဦးတင်ထွန်းမှ ဒုတိယဆုရရှိသော ကျောနံပါတ်(၁၁၅) စည်သူအောင်အားလည်းကောင်း၊ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်မှ တတိယဆုရရှိသော ကျောနံပါတ်(ဝဝ၉) သန်းမိုးအောင်အားလည်းကောင်း၊
ဆက်လက်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဦးမှ အမျိုးသမီးပြိုင်ပွဲတွင် ပထမဆုရရှိသော ကျောနံပါတ်(၅၁၆) ယုယုလှိုင်အားလည်းကောင်း၊ Myanmar Distribution Group, Managing Director ဦးအောင်မော်သိန်းမှ ဒုတိယဆုရရှိသော ကျောနံပါတ်(၅၅၂) သန္တာမိုးအားလည်းကောင်း၊ အားကစားနှင့် ကာယပညာ ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမောင်မောင်စိုးမှ တတိယဆုရရှိသော ကျောနံပါတ်(၅၆၄) မယဉ်ယဉ်ခိုင်တို့အား လည်ဆွဲပြား၊ ငွေသားနှင့် ဆုတံဆိပ်များကို ချီးမြှင့်ခဲ့သည်။
ထို့နောက် အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးတင်ဇော်ထွန်းမှ အမျိုးသား စတုတ္ထမှ ဒသမအထိ ဆုရရှိသူများအားလည်းကောင်း၊ တက်ရောက်လာကြသော တာဝန်ရှိပုဂ္ဂိုလ်များက အမျိုးသား/အမျိုးသမီး အဆင့်(၁၁)မှ (၁၀ဝ)အထိ ဆုရရှိသူများကို ဆုများကိုအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း လူထုအားကစားနှင့် ပညာပေးဌာနခွဲမှ သိရသည်။
MDN


