၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲကို မိုးညိုမြို့နယ်အတွင်း စာစစ်ဌာန(၅)ခုမှ ကျောင်းသား ကျောင်းသူ (၁၈၉၀)ဦး ဖြေဆိုသွားမည်

မိုးညို  ၄  မတ်


၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲများကို မတ် ၆ ရက်တွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် စတင်ကျင်းပ ဖြေဆိုသွားမည်ဖြစ်ရာ ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် မိုးညိုမြို့နယ်အတွင်း၌ ဖြေဆိုမည့် စုစုပေါင်းစာစစ်ဌာန (၅)ခုရှိကြောင်း သိရသည်။


မိုးညိုမြို့နယ်အတွင်း ဖြေဆိုမည့် စာစစ်ဌာန (၅)ခုမှာ အ.ထ.က (မိုးညို)၊ အ.ထ.က (ထိန်တော)၊ အ.ထ.က (ရေကင်း)၊ အ.ထ.က (ပတ်တော်)နှင့် အ.ထ.က (ဆင်မနိုင်)တို့ ဖြစ်ကြပြီး အ.ထ.က (မိုးညို)မှ အတွင်းဖြေ (၃၇၅)ဦး၊ အပြင်ဖြေ (၂၀၇)ဦး စုစုပေါင်း(၅၈၂)ဦး၊ အ.ထ.က(ထိန်တော)မှ အတွင်းဖြေ(၃၁၇)ဦး၊ အပြင်ဖြေ(၁၄၂)ဦး၊ ပေါင်း(၄၅၉)ဦး၊ အ.ထ.က(ရေကင်း)မှ အတွင်းဖြေ(၂၀၈)ဦး၊ အပြင်ဖြေ(၁၀၅)ဦး၊ ပေါင်း(၃၁၃)ဦး၊ အ.ထ.က(ပတ်တော်)မှ အတွင်းဖြေ(၂၈၅)ဦး၊ အပြင်ဖြေ(၂၃)ဦး စုစုပေါင်း (၃၀၈)ဦး၊ အ.ထ.က(ဆင်မနိုင်)မှ အတွင်းဖြေ(၂၀၅)ဦး၊ အပြင်ဖြေ(၂၃)ဦး စုစုပေါင်း(၂၂၈)ဦးရှိကြောင်း သိရသည်။


မိုးညိုမြို့နယ်အတွင်း ယင်းစာစစ်ဌာန(၅)ခု၌ ဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူ အတွင်းဖြေ (၁၃၉၀)ဦး၊ အပြင်ဖြေ (၅၀ဝ)ဦး စုစုပေါင်း (၁၈၉၀)ဦး ဖြေဆိုကြမည်ဖြစ်ကြောင်း သိရသည်။


ကိုမင်း(မိုးညို)