၂၀၁၉  ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဒုတိယနေ့ဖြေဆို

ဆီဆိုင် ၇ မတ်    

    
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ၂၀၁၉ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို ဖွင့်လှစ်ထားရှိသည့် စာစစ်ဌာနများ၌  မတ် ၇ ရက် နံနက် ၉ နာရီက ဒုတိယနေ့အဖြစ် အင်္ဂလိပ်စာဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူများ အေးချမ်းတည်ငြိမ်စွာ လာရောက်ဖြေဆိုကြကြောင်း သိရသည်။
    

ဆီဆိုင်မြို့နယ်အတွင်းရှိ စာစစ်ဌာန(၃)တွင် ဖြေဆိုရန် စာရင်းပေးသွင်းထားသော ကျောင်းသား၊ ကျောင်းသူ ၁၂၇၃ ဦးရှိသည့်အနက် အင်္ဂလိပ်စာဘာသာရပ်ကို ၁၁၉၉ ဦး ဖြေဆိုကြရာ ပျက်ကွက်သူဦးရေ ၇၄ ဦးရှိသဖြင့် ဖြေဆိုမှုရာခိုင်နှုန်း ၉၄ ဒသမ ၁၉ ရာခိုင်နှုန်းရှိကြောင်း သိရသည်။ 


ကျောင်းသား/ ကျောင်းသူများ စိတ်ချမ်းမြေ့စွာ စာမေးပွဲဖြေဆိုအောင်မြင်နိုင်ရေးအတွက် အတွင်းစည်း/ အပြင်စည်းများဖြင့် ဆောင်ရွက်မှုများကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်နှင့် ဌာနဆိုင်ရာများ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး သီဟန်နှင့် ရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမူရေးအသင်းအဖွဲ့တို့က စာစစ်ဌာန အနီးဝန်းကျင်၌ ဆူညံသံများ၊ အနှောက်အယှက်များ မရှိရအောင် ကြီးကြပ်ခြင်း၊ ပေါင်းစပ်ခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။
    

ခွန်ရဲထွေး(ဆီဆိုင်)

 

1