၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပဉ္စမမြောက် ရူပဗေဒဘာသာရပ်တွင် ၆၆၃၄ ဦး ဖြေဆို

ရေဦး ၁၂ မတ် 


တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင် မြို့နယ်စာစစ်ဌာန အသီးသီးတွင် ၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲကို မတ် ၆ ရက်နေ့မှ စတင်ကာ အချိန်နှင့် တစ်ပြေးညီ ကျင်းပလျှက်ရှိရာ ရေဦးမြို့နယ်တွင်လည်း စာစစ်ဌာန ၁၃ ခု၌ ရူပဗေဒဘာသာရပ်ကို ဆက်လက်ဖြေဆိုလျှက်ရှိသည်။


၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ရေဦးမြို့နယ်အနေဖြင့် စာစစ်ဌာနပေါင်း ၁၃ခုရှိပြီး စာမေးပွဲဖြေဆိုရန် စာရင်းပေးသွင်းထားသည့် ကျောင်းသားဦးရေ ၆၆၃၄ ဦးဖြစ်ရှိသည်။ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဓာတုဗေဒဘာသာရပ်အထိ ဝင်ရောက်ဖြေဆိုသူ ကျောင်းသား ၃၀ဝ၀ ဦး/ ကျောင်းသူ  ၃၅၆၄ ဦး ဖြေဆိုသူစုစုပေါင်း ၆၅၆၄ ဦး/  ပျက်ကွက် ၇ဝ ရှိကြောင်း  ရာခိုင်နှုန်းအားဖြင့် ၉၈ ဒသမ ၉၄ ရာခိုင်နှုန်းဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံး၏  စာရင်းဇယားများအရ သိရသည်။


စာမေးပွဲဖြေဆိုကြသော ကျောင်းသား၊ ကျောင်းသူများ ယာဉ်အန္တရာယ်ကင်းဝေးစေရေး  စာစစ်ဌာနအပြင်စည်းလုံခြုံစေရေးနှင့် အဆင်သင့် ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်စေရေးတို့အတွက်  မြို့နယ်စီမံခန့်ခွဲမှုကော်မတီဝင်များ/ ဌာနဆိုင်ရာများ/ ရဲတပ်ဖွဲ့ဝင်များ/ မီးသတ်တပ်ဖွဲ့ဝင်များ/ ကျန်းမာရေးဝန်ထမ်းများ/ ကြက်ခြေနီတပ်ဖွဲ့ဝင်များ/ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ ရာအိမ်မှူး ဆယ်အိမ်မှူးများက ပံ့ပိုးကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


သန်းထိုက်(ရေဦး)