၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် တံတားဦးမြို့နယ် မြေငူကျေးရွာ၌ စာစစ်ဌာန တစ်ခုတိုး၍ ကျင်းပမည်

တံတားဦး   ၂၈    ဖေဖော်ဝါရီ


၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို မတ်လ ၆ ရက်နေ့တွင် တစ်နိုင်ငံလုံး အနေဖြင့် စတင်ကျင်းပ ပြုလုပ်မည်ဖြစ်ရာ တံတားဦးမြို့နယ်  မြေငူကျေးရွာ  အထက၌ စာစစ်ဌာန တစ်ခုကို တိုးချဲ့၍  စာစစ်ဌာနစုစုပေါင်း (၄)ခုဖြင့် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို  ကျင်းပပြုလုပ် မည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။


မြေငူကျေးရွာသည် တံတားဦးမြို့နယ်၏ အနောက်မြောက်ဘက်ရှိ တက္ကသိုလ်ဝင်တန်း ကျောင်းသား/သူများသည် မြို့သို့လာရောက်ပြီး စာမေးပွဲ ဖြေဆိုရသည့်အတွက် သွားရေးလာရေး တည်းခိုနေထိုင်ရေး စားသောက်ရေးတို့ကအစ အခက်အခဲများ ရှိခြင်းကြောင့် ထိုအခက်အခဲများကို ဖြေရှင်းရန်အတွက် စာစစ်ဌာနတစ်ခုတိုး၍ စာမေးပွဲဖြေဆိုရန် စီစဉ်ပေးခြင်းဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးမှ ပြောသည်။ 


တံတားဦးမြို့နယ် အနေဖြင့် အထက-တံတားဦး၊ပင်မဆောင်တွင် အတွင်းဖြေ (၄၇၁)ဦး၊ အပြင်ဖြေ(၂၄၉)၊ အထက-တံတားဦး၊ တိုးချဲ့ဆောင်တွင် အတွင်းဖြေ(၁၂၉)ဦး၊ အပြင်ဖြေ(၃၂၇)ဦး၊ အထက၊ ချောင်းခွ စာစစ်ဌာနတွင် အတွင်းဖြေ (၂၅၀) ဦး၊ အပြင်ဖြေ (၁၈၂) ဦး၊ အထက-မြေငူတွင် အတွင်းဖြေရန်(၂၀ဝ)ဦး စုစုပေါင်းကျောင်းသား/သူ (၁၈၀၈) ဦး ဖြေဆိုရန် စာရင်းပေးသွင်းထားကြောင်း လေ့လာသိရှိရသည်။


ရဲတင့်(ပြန်/ဆက်)