၃၀ နိုဝင်ဘာ

 

ဖိလစ်ပိုင်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေသည့် အကြိမ် (၃၀) မြောက် ဆီးဂိမ်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ညနေပိုင်းက ဘာလူကန်မြို့ရှိ Philippine Arena ၌ ကျင်းပရာ သောင်းဂဏန်းရှိသည့် ပရိသတ်များ တက်ရောက်ခဲ့သည်။

 

ဖွင့်ပွဲတွင် ဖျော်ဖြေရေးအစီအစဉ်များ စတင်ခဲ့ပြီး မြန်မာနိုင်ငံအပါအဝင် ဆီးဂိမ်းစ်ပြိုင်ပွဲယှဉ်ပြိုင်မည့် အရှေ့တောင်အာရှ ၁၁ နိုင်ငံမှ အုပ်ချုပ်/နည်းပြအဖွဲ့ဝင်များနှင့် ကစားသမားများ အားကစားရုံအတွင်း ဝင်ရောက်နေရယူကြသည်။ ယင်းနောက် ဖိလစ်ပိုင်အိုလံပစ်ကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက အမှာစကားပြောကြားပြီး ဖိလစ်ပိုင်နိုင်ငံ သမ္မတ ဒူတာတေးက ပြိုင်ပွဲကိုဖွင့်လှစ်ပေးသည်။ ထို့နောက် ဖိလစ်ပိုင်နိုင်ငံ၏ နိုင်ငံဂုဏ်ဆောင်ကစားသမားများက ဆီးဂိမ်းစ်ပြိုင်ပွဲကျင်းပရေးအလံကို သယ်ဆောင်ပြီး ဖိလစ်ပိုင်နိုင်ငံမှ အားကစားသမားတစ်ဦးနှင့် ဒိုင်လူကြီးတစ်ဦးတို့က သစ္စာအဓိဌာန်များ ရွက်ဆိုကြသည်။ ဆက်လက်၍ ဖိလစ်ပိုင်နိုင်ငံမှ နာမည်ကြီးတေးသံရှင်များက တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေကြသည်။

 

ဖွင့်ပွဲအခမ်းအနားကို အားကစာရုံ၌ ပထမဆုံးကျင်းပသည့် ဆီးဂိမ်းပြိုင်ပွဲ ဖြစ်လာပြီး ပရိသတ် ၅၅၀၀၀ ဆံ အားကစာရုံ၌ ကျင်းပခဲ့ခြင်းဖြစ်သည်။ ဆီးဂိမ်းပြိုင်ပွဲကို နိုဝင်ဘာ ၃၀ ရက်မှ ဒီဇင်ဘာ ၁၁ ရက်အထိ မနီလာ၊ ဆူဘစ်၊ ကလာ့ခ်နှင့် အခြားမြို့များ၌ ကျင်းပမည်ဖြစ်ပြီး အချို့အားကစားနည်းများကို နိုဝင်ဘာ ၂၅ ရက်ကတည်းက ကျင်းပလျက်ရှိသည်။ ယခုနှစ်ဆီးဂိမ်းပြိုင်ပွဲတွင် အားကစားနည်း ၅၆ မျိုး ထည့်သွင်းကျင်းပလျက်ရှိပြီး ဆီးဂိမ်းပြိုင်ပွဲတစ်လျှောက် အားကစားနည်းအများဆုံး ထည့်သွင်း ကျင်းပသည့်ပြိုင်ပွဲလည်းဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် အားကစားနည်း ၃၁ မျိုးတွင် ဝင်ရောက် ယှဉ်ပြိုင်လျက်ရှိသည်။ ယခုနှစ်ပြိုင်ပွဲတွင် အရှေ့ှုတောင်အာရှ ၁၁ နိုင်ငံမှ အားကစားသမား ၅၅၀၀ ဦး ဝင်ရောက်ယှဉ်ပြိုင်နေသည်။

 

သတင်း-ညီမြတ်သော်တာ

ဓာတ်ပုံ- စိုးညွန့် (ခေတ္တ-မနီလာ)

 

mdn

 

mdn

 

mdn