၂၀၁၉ တက္ကသိုလ်ဝင်စာမေးပွဲ ရန်ကုန်တိုင်းဒေသကြီး၌ ဆေးရုံစာဖြေဌာန(၄)ခု ဖွင့်လှစ်ရန်စီစဉ်

ရန်ကုန်  ၂၈ ဖေဖော်ဝါရီ 
    

 

ကုသရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနတို့၏ ညှိနှိုင်းချက်အရ ၂၀၁၉ ခုနှစ် မတ်လ ၆ ရက်မှ ၁၅ ရက်အထိ ကျင်းပမည့် တက္ကသိုလ်ဝင် စာမေးပွဲ ကာလ အတွင်း ဆေးရုံတက်ရောက်၍ ဆေးဝါးကုသမှုခံယ နေကြရသော ကျောင်းသား/ ကျောင်းသူများ နစ်နာမှုမရှိစေရန်ရည်ရွယ်၍ ဆေးရုံစာဖြေဌာန(၄)ခုကို ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီး၊ ဗဟိုအမျိုးသမီး ဆေးရုံကြီးနှင့် ဝေဘာဂီအထူးကုဆေးရုံကြီးတို့၌ ဖွင့်လှစ်ပေးရန် စီစဉ်ထားသည်။

 

ဆေးရုံတက်ရောက်ကုသနေသော စာမေးပွဲဝင်ရောက်ဖြေဆိုလိုသည့် ကျောင်းသား/ကျောင်းသူ (လူနာ)များသည် အဆိုပါဆေးရုံကြီးများရှိ ဆေးလူမှု ဆက်ဆံ ရေးဌာနနှင့် ဆက်သွယ်ဆောင်ရွက် အကူအညီတောင်းခံနိုင်ကြောင်း သတင်းရရှိ သည်။ 

 

(သတင်းစဉ်)