နေပြည်တော် ၂၁ ဇူလိုင်
၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ နိုင်ငံတော်၏ အမျိုးသားစီမံကိန်းဥပဒေကြမ်းနှင့် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းများနှင့်စပ်လျဉ်း၍ စီမံကိန်းလုပ်ငန်းများနှင့် ရငွေသုံးငွေများ စိစစ်ရေးပူးပေါင်းအဖွဲ့၊ အဖွဲ့(၁၄)နှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် ရေးရာဆောင်အမှတ် (I – 20) ၌ ကျင်းပသည်။
အစည်းအဝေး၌ စီမံကိန်းလုပ်ငန်းများနှင့် ရငွေသုံးငွေများ စိစစ်ရေးပူပေါင်းအဖွဲ့ (၁၄) ၏ ဥက္ကဋ္ဌ ဦးသိမ်းဆွေက အဖွင့်အမှာစကားပြေားကြားပြီး အဖွဲ့ဝင်များက စီမံကိန်းလုပ်ငန်းများနှင့် ရငွေသုံးငွေများနှင့်စပ်လျဉ်း၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိ ပုဂ္ဂိုလ်များနှင့် ဆွေးနွေးကြသည်။
အစည်းအဝေးသို့ စီမံကိန်းလုပ်ငန်းများနှင့် ရငွေသုံးငွေများများ စိစစ်ပူးပေါင်းအဖွဲ့၊ အဖွဲ့ (၁၄) ၏ ဥက္ကဋ္ဌ ဦးသိမ်းဆွေ၊ ဒုတိယဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူး၊ အဖွဲ့ဝင်များ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ တာဝန်ရှိပုဂ္ဂိုလ်များနှင့် အမျိုးသားလွှတ်တော်ရုံးမှ တာဝန်ရှိသူများ တတ်ရောက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်