နေပြည်တော် ဒီဇင်ဘာ ၂၆

 

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးပွဲများကို ယနေ့တွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် အစည်းအဝေးခန်းမ၌ လည်းကောင်း၊ ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့ရှိ ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမ (၁) ၌ လည်းကောင်း၊ ရခိုင်ပြည်နယ်စစ်တွေ့မြို့ရှိ ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ လည်းကောင်း၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် အစည်းအဝေးခန်းမ၌ လည်းကောင်း ပြုလုပ်ရာ သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တိုင်းဒေသကြီး/ ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက ဗီဒီယို ကွန်ဖရင့်ဖြင့် တက်ရောက်ကြသည်။

 

ဦးစွာ တိုင်းဒေသကြီး၊ ပြည်နယ်ဝန်ကြီးချုပ်များနှင့် တိုင်းမှူးများက ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် ပတ်သက်၍ အမှာစကားများ ပြောကြားကြသည်။ ထို့နောက် တိုင်းဒေသကြီး၊ ပြည်နယ်၊  ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက သက်ဆိုင်ရာ ကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် လုပ်ငန်းလိုအပ်ချက်များ ကို ဆွေးနွေးတင်ပြရာ တိုင်းဒေသကြီး၊ ပြည်နယ် ဝန်ကြီးချုပ်များနှင့် တိုင်းမှူးများက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေး သည်။

 

ထို့ပြင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ

ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲရုံများ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထား ရှိမှုနှင့် မဲရုံလုံခြုံရေး ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုး မြို့ရှိအမှတ် (၅) အောင်မင်္ဂလာရပ်ကွက် မဲရုံအမှတ် (၅) နှင့် အမှတ် (၂) အောင်မေတ္တာရပ်ကွက် မဲရုံအမှတ် (၁) တို့၌လည်းကောင်း၊ ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့ ပြည်နယ်လွှတ်တော်ခန်းမဆောင်၊ အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်း၊ အမှတ်(၈) အခြေခံပညာ အထက်တန်းကျောင်းနှင့် အမှတ်(၂) အခြေခံပညာ မူလတန်းလွန်ကျောင်းတို့၌လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် မင်္ဂလာဒုံမြို့နယ်၊ ဗိုလ်တထောင်မြို့နယ်နှင့် ကမာရွတ်မြို့နယ်တို့၌လည်းကောင်း သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများက မဲပေးနိုင်ရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှု၊ မဲစာရင်းကပ်ထားမှု၊ မဲပေးစက်များ ပြင်ဆင်ဆောင်ရွက်ထားရှိမှုနှင့် လုံခြုံရေးဆောင်ရွက်ထားရှိမှုများကို သွားရောက် ကြည့်ရှုစစ်ဆေးရာ မဲရုံတာဝန် ရှိသူများက မြန်မာအီလက်ထရော နစ်မဲပေးစက် (MEVM)နှင့် မဲပေး နိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်