နေပြည်တော်   ဩဂုတ်   ၆

ပိုက်ကျော်ခြင်းအားကစားအဆင့်အတန်း ပိုမိုတိုးတက်မြင့်မားလာစေရန်နှင့် မျိုးဆက်သစ်အားကစားသမားများစွာ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ    ကြီးမှူး၍ တိုင်းဒေသကြီးနှင့်  ပြည်နယ်အစိုးရအဖွဲ့နှင့် မြန်မာနိုင်ငံ ပိုက်ကျော်ခြင်းအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် ၂၀၂၅ ခုနှစ် တိုင်းဒေသကြီးနှင့်  ပြည်နယ်ပိုက်ကျော်ခြင်း(အမျိုးသား/ အမျိုးသမီး)ပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ ကိုးသိန်း အားကစားရုံ၌ ကျင်းပရာ   အားကစားနှင့်   လူငယ်ရေးရာဝန်ကြီးဌာနမှ    ပြိုင်ပွဲကျင်းပရေးဆိုင်ရာ  တာဝန်ရှိသူများနှင့် အားကစား ဝါသနာရှင်များ လာရောက်ကြည့်ရှုအားပေးသည်။

ယနေ့   (အမျိုးသား) လေးယောက်တွဲ    အဖွဲ့လိုက်   အကြိုဗိုလ်လုပွဲပြိုင်ပွဲ  ပွဲစဉ်များတွင် မန္တလေး တိုင်းဒေသကြီးအသင်းက မွန်ပြည်နယ်အသင်းကို နှစ်ပွဲပြတ်ဖြင့်လည်းကောင်း၊ ရန်ကုန်တိုင်း  ဒေသကြီးအသင်းက ဧရာဝတီတိုင်းဒေသကြီးအသင်းကို နှစ်ပွဲ- တစ်ပွဲဖြင့်လည်းကောင်း၊ (အမျိုး သမီး) လေးယောက်တွဲ အဖွဲ့လိုက် အကြိုဗိုလ်လုပွဲပြိုင်ပွဲ    ပွဲစဉ်များတွင်     မွန်ပြည်နယ်အသင်းက ဧရာဝတီတိုင်းဒေသကြီးအသင်းကို နှစ်ပွဲ-တစ်ပွဲဖြင့်လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအသင်းက စစ်ကိုင်းတိုင်းဒေသကြီးအသင်းကို နှစ်ပွဲပြတ်ဖြင့်လည်းကောင်း ယှဉ်ပြိုင် အနိုင်ရရှိသည်။

ဆက်လက်၍ အကြိုဗိုလ်လုပွဲ ပြိုင်ပွဲ ပွဲစဉ်များအပြီးတွင် (အမျိုးသား/အမျိုးသမီး) လေးယောက်တွဲ အဖွဲ့လိုက် တတိယလုပွဲပြိုင်ပွဲ ပွဲစဉ်ကို ဆက်လက်ယှဉ်ပြိုင်ကစားခဲ့ရာ (အမျိုးသား)လေးယောက်တွဲ အဖွဲ့လိုက် တတိယလုပွဲပြိုင်ပွဲ ပွဲစဉ်တွင် ဧရာဝတီတိုင်းဒေသကြီးအသင်းက   မွန်ပြည်နယ်အသင်းကို နှစ်ပွဲပြတ်ဖြင့်လည်းကောင်း၊ (အမျိုးသမီး)လေးယောက်တွဲ အဖွဲ့လိုက် တတိယလုပွဲ ပြိုင်ပွဲ ပွဲစဉ်တွင် ဧရာဝတီတိုင်းဒေသကြီးအသင်းက စစ်ကိုင်းတိုင်းဒေသကြီးအသင်းကို နှစ်ပွဲပြတ်ဖြင့် လည်းကောင်း ယှဉ်ပြိုင်အနိုင်ရရှိသည်။

ဩဂုတ် ၇ ရက်နံနက် ၉ နာရီမှ စတင်၍(အမျိုးသား)လေးယောက်တွဲ   အဖွဲ့လိုက်   ဗိုလ်လုပွဲပြိုင်ပွဲ ပွဲစဉ်အဖြစ် မန္တလေး တိုင်းဒေသကြီးအသင်းနှင့် ရန်ကုန်တိုင်းဒေသကြီးအသင်း၊   (အမျိုးသမီး)လေး ယောက်တွဲ  အဖွဲ့လိုက် ဗိုလ်လုပွဲပြိုင်ပွဲ ပွဲစဉ်အဖြစ် မွန်ပြည်နယ်အသင်းနှင့် ရန်ကုန်တိုင်းဒေသကြီးအသင်းတို့   ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ပြီး ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်ပွဲအခမ်းအနားကို  ဆက်လက်ကျင်းပသွားမည်ဖြစ်သည်။

အဆိုပါ   ၂၀၂၅ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် ပိုက်ကျော်ခြင်း(အမျိုးသား / အမျိုးသမီး) ပြိုင်ပွဲ များကို ဩဂုတ် ၇ ရက်အထိ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့  ကိုးသိန်းအားကစားရုံ၌ ကျင်းပသွားမည်ဖြစ်၍ အားကစားဝါသနာရှင်   မိဘပြည်သူများအနေဖြင့် မည်သူမဆို   အခမဲ့လာရောက်ကြည့်ရှုအားပေးနိုင်ကြောင်း သိရသည်။                      

သတင်းစဉ်