နေပြည်တော် ဩဂုတ် ၇
အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနက ကြီးမှူး၍ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့နှင့် မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် ၂၀၂၅ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ်ပိုက်ကျော်ခြင်း(အမျိုးသား/အမျိုးသမီး)လေးယောက်တွဲ အဖွဲ့လိုက် ဗိုလ်လုပွဲ ပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ ကိုးသိန်းအားကစားရုံ၌ ကျင်းပသည်။
ဦးစွာ အမျိုးသမီးလေးယောက်တွဲ အဖွဲ့လိုက် ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် မွန်ပြည်နယ်အသင်းနှင့် ရန်ကုန်တိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ မွန်ပြည်နယ်အသင်းက ရန်ကုန်တိုင်းဒေသကြီးအသင်းကို နှစ်ပွဲပြတ်ဖြင့်လည်ကောင်း၊ အမျိုးသားလေးယောက်တွဲ အဖွဲ့လိုက် ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် မန္တလေးတိုင်းဒေသကြီးအသင်းနှင့် ရန်ကုန်တိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးအသင်းက မန္တလေးတိုင်းဒေသကြီးအသင်းကို နှစ်ပွဲပြတ်ဖြင့်လည်းကောင်း ယှဉ်ပြိုင်အနိုင်ရရှိကြသည်။
ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ အမျိုးသားနှစ်ယောက်တွဲ အဖွဲ့လိုက်ပြိုင်ပွဲတွင် ပထမ စစ်ကိုင်းတိုင်းဒေသကြီးအသင်း၊ ဒုတိယ ဧရာဝတီတိုင်းဒေသကြီးအသင်း၊ တတိယ မန္တလေးတိုင်းဒေသကြီးအသင်း၊ သုံးယောက်တွဲ အဖွဲ့လိုက်ပြိုင်ပွဲတွင် ပထမ စစ်ကိုင်းဒေသကြီးအသင်း၊ ဒုတိယ ရန်ကုန်တိုင်းဒေသကြီးအသင်း၊ တတိယ မန္တလေးတိုင်းဒေသကြီးအသင်း၊ လေးယောက်တွဲ အဖွဲ့လိုက်ပြိုင်ပွဲတွင် ပထမ ရန်ကုန်တိုင်းဒေသကြီးအသင်း၊ ဒုတိယ မန္တလေးတိုင်းဒေသကြီးအသင်း၊ တတိယ ဧရာဝတီတိုင်းဒေသကြီးအသင်း၊ အမျိုးသမီး နှစ်ယောက်တွဲ အဖွဲ့လိုက်ပြိုင်ပွဲတွင် ပထမ မွန်ပြည်နယ်အသင်း၊ ဒုတိယ ဧရာဝတီတိုင်းဒေသကြီး အသင်း၊ တတိယ မကွေးတိုင်းဒေသကြီးအသင်း၊ သုံးယောက်တွဲ အဖွဲ့လိုက်ပြိုင်ပွဲတွင် ပထမ ရန်ကုန်တိုင်းဒေသကြီးအသင်း၊ ဒုတိယ ဧရာဝတီတိုင်းဒေသကြီးအသင်း၊ တတိယ မကွေးတိုင်းဒေသကြီးအသင်း၊ လေးယောက်တွဲ အဖွဲ့လိုက်ပြိုင်ပွဲတွင် ပထမ မွန်ပြည်နယ်အသင်း၊ ဒုတိယ ရန်ကုန်တိုင်းဒေသကြီးအသင်း၊ တတိယ ဧရာဝတီတိုင်းဒေသကြီးအသင်း၊ အမျိုးသားတံခွန်စိုက် ဆုဖလားရရှိခဲ့သည့် စစ်ကိုင်းတိုင်းဒေသကြီးအသင်းနှင့် အမျိုးသမီးတံခွန်စိုက် ဆုဖလားရရှိခဲ့သည့် မွန်ပြည်နယ်အသင်းတို့အား တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ကြသည်။
အဆိုပါ ၂၀၂၅ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ်ပိုက်ကျော်ခြင်း (အမျိုးသား/အမျိုးသမီး) နှစ်ယောက်တွဲ၊ သုံးယောက်တွဲ၊ လေးယောက်တွဲ အဖွဲ့လိုက်ပြိုင်ပွဲများကို ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ ကိုးသိန်း အားကစားရုံ၌ ကျင်းပပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ အုပ်ချုပ်/နည်းပြ၊ အားကစားသမား စုစုပေါင်း အင်အား ၃၁၂ဦး ဝင်ရောက်ယှဉ်ပြိုင်ကြရာ အားကစား ဝါသနာရှင် ပရိသတ်များက တစ်ခဲနက် လာရောက်အားပေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


