၂၀၂၅ ခုနှစ် မတ်လတွင်ကျင်းပခဲ့သည့် တက္ကသိုလ်ဝင်စာမေးပွဲနှင့် မန္တလေးငလျင်ကြီး ဘေးဒဏ် ခံခဲ့ရသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွက် ပြန်လည်ဖြေဆိုသော ၂၀၂၅ ခုနှစ် ဇွန်လတွင် ကျင်းပခဲ့သည့် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို ဇူလိုင် ၂၇ ရက်တွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ထုတ်ပြန်ကြေညာခဲ့ပြီး မန္တလေးတိုင်းဒေသကြီးအတွင်း ဖြေဆိုသူ ၃၃၇၉၁ ဦးရှိသည့်အနက် အောင်မြင်သူ ၁၆၇၆၆ ဦးရှိကာ အောင်မြင်မှုရာခိုင်နှုန်း ၄၉ ဒသမ ၆၂ ရာခိုင်နှုန်းရှိခဲ့သည်။
မန္တလေးတိုင်း ဒေသကြီးအတွင်း ဂုဏ်ထူးရရှိမှုအနေဖြင့် ခြောက်ဘာသာ ဂုဏ်ထူးရှင် ၄၂ ဦး၊ ငါးဘာသာဂုဏ်ထူးရှင် ၁၈၀ ၊ လေးဘာသာ ဂုဏ်ထူးရှင် ၅၄၂ ဦး၊ သုံးဘာသာ ဂုဏ်ထူးရှင် ၂၂၆၁ ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် ၁၈၉၆ ဦးနှင့် တစ်ဘာသာ ဂုဏ်ထူးရှင် ၂၉၉၃ ဦးရှိခဲ့သည်။ အဆိုပါကျောင်းသား ကျောင်းသူများအနက် ထူးချွန်အဆင့် ကျောင်းသူအချို့နှင့် တွေ့ဆုံ မေးမြန်းခဲ့ပါသည်။
မသက်မှူးဝေဇင်
(မြန်မာတစ်နိုင်ငံလုံး ဝိပ္ပံတွဲ ပထမအဆင့် အမှတ်အများဆုံးရရှိသူ)
သမီးကတော့ အမှတ်ပေါင်း ၅၂၀ ရရှိခဲ့ပါတယ်။ အခုလို ဝိပ္ပံတွဲ မှာ အမှတ်အများဆုံးနဲ့ အောင်မြင်မှု ရရှိတဲ့အတွက် အလွန်ကို ဝမ်းသာပျော်ရွှင်မိပါတယ်။ သမီးငယ်ငယ်ကတည်းက စာကိုတစိုက်မတ်မတ် ကြိုးစားခဲ့ပါတယ်။ သူငယ်တန်းကနေစပြီး ဆုတွေလည်းရရှိခဲ့ပါတယ်။ မိဘတွေကလည်း ပံ့ပိုးပေးကြပါတယ်။ သမီး အနေနဲ့ စီးပွားရေးကိုဝါသနာပါတဲ့အတွက် ဝိပ္ပံတွဲကိုယူခဲ့တာ ဖြစ်ပါတယ်။ နောက်ပိုင်းကျရင်လည်း စီးပွားရေးကို ထဲထဲဝင်ဝင်ဆောင် ရွက်သွားမှာဖြစ်ပါတယ်။ ဒါကြောင့် စီးပွားရေး တက္ကသိုလ်တက်ရောက်မယ်လို့ စိတ်ကူးထားပါတယ်။
မရွှန်းသံသာအေး
(မြန်မာတစ်နိုင်ငံလုံး သိပ္ပံတွဲ ဒုတိယအဆင့် အမှတ်အများဆုံးရရှိသူ)
သမီးကတော့ အမှတ်ပေါင်း ၅၄၆ မှတ်ရရှိခဲ့ပါတယ်။ စာကို တစ်နေ့စာတစ်နေ့ ကျက်မှတ်လေ့လာပြီး တစ်ပတ်စာတစ်ပတ် ပြန်လည်လေ့ကျင့်ခဲ့ပါတယ်။ အိပ်ချိန်ကိုလည်းပုံမှန်ထားပြီး ကြိုးစားလေ့လာခဲ့ပါတယ်။ အခုလို ရလဒ်ထွက်ပေါ်လာတဲ့အတွက် အတိုင်းမသိ ဝမ်းသာပျော်ရွှင်မိပါ တယ်။ မိဘတွေရော ဆရာ ဆရာမ တွေကိုရော အားလုံးကိုကျေးဇူး အထူးတင်ရှိပါတယ်။ သမီးရဲ့ ရည်ရွယ်ချက်ကတော့ နှလုံး အထူးကု ဆရာဝန်တစ်ယောက် ဖြစ်ချင်တာပါ။
မနှင်းသီရိဝေ
(မြန်မာတစ်နိုင်ငံလုံး သိပ္ပံတွဲ သတ္တမအဆင့်အမှတ်အများဆုံးရရှိသူ)
သမီးရဲ့အမှတ်ကတော့ ၅၄၁ မှတ်ဖြစ်ပါတယ်။ စာကိုနှစ်စကတည်းက တစ်နေ့စာတစ်နေ့လုပ် ဖြစ်ပါတယ်။ ပြန်လည်လေ့ကျင့်ခန်းတွေကိုလည်း သေချာလေးလုပ်ဖြစ်ပါတယ်။ ဘာသာရပ် အလိုက်လည်း မျှမျှတတ လေ့လာဆည်းပူးဖြစ်ပါတယ်။ ကိုယ်အားမရတဲ့ ဘာသာရပ်တွေကိုလည်း အားစိုက်ကျက်မှတ်ခဲ့ပါတယ်။ ပုံမှန်စာကျက်ချိန်ထားပြီး အကျိုးရှိစွာ အာရုံစိုက်ကြိုးစားလေ့လာ ခဲ့ပါတယ်။ စာမေးပွဲနီးလာတာနဲ့အမျှ ပိုပြီးအားစိုက်လေ့လာဖြစ်ခဲ့ပါတယ်။ အထူးကုဆရာဝန်ကြီး တစ်ယောက်ဖြစ်အောင် ကြိုးစားသွားဖို့ ရည်မှန်းထားပါတယ်။
မခင်ငြိမ်းချမ်း
(မြန်မာတစ်နိုင်ငံလုံး သိပ္ပံတွဲ အဋ္ဌမအဆင့် အမှတ်အများဆုံးရရှိသူ)
သမီးကတော့ အမှတ်ပေါင်း ၅၄၀ ရရှိခဲ့ပါတယ်။ စာကိုတစ်နေ့ စာတစ်နေ့ အပြတ်လေ့လာပါတယ်။ ဆရာ ဆရာမတွေရဲ့ သင်ကြားမှုတွေကိုလည်း သေချာနားထောင် ဆည်းပူးခဲ့ပါတယ်။ အောင်စာရင်း ထွက်မယ့် ညကလည်း အလွန်ကိုရင်ခုန်ခဲ့ပါတယ်။ ကိုယ်မျှော်မှန်းထားသလို ဖြစ်မလာမှာကို ကြောက်မိပါတယ်။ ဒါပေမဲ့ ကြိုးစားထားသလို ဖြစ်လာတဲ့အတွက် အလွန်ကို ဝမ်းသာ ပျော်ရွှင်မိပါတယ်။ သမီးက ဆရာဝန်တစ်ယောက် ဖြစ်ချင်ခဲ့တာပါ။ အခုလိုအမှတ်တွေ အများကြီးရရှိအောင် သင်ကြားပို့ချပေးကြတဲ့ ဆရာ ဆရာမတွေ အားလုံးကိုလည်း ကျေးဇူး တင်ရှိပါတယ်။
မလှမျိုးခင်
(မြန်မာတစ်နိုင်ငံလုံး သိပ္ပံတွဲ ဒသမအဆင့် အမှတ်အများဆုံးရရှိသူ)
သမီးရဲ့အမှတ်ပေါင်း ၅၃၈ မှတ် ရရှိခဲ့ပါတယ်။ ဆရာ ဆရာမတွေ သင်ကြားပေးတဲ့ စာတွေကို သေချာ လေ့လာသင်ယူခဲ့ပါတယ်။ စာကိုလည်း တစ်ပတ်စာတစ်ပတ် ပုံမှန်လေ့လာကျက်မှတ်ခဲ့ပါတယ်။ ကိုယ်အားနည်းတဲ့ ဘာသာရပ်ကိုလည်း သေချာလေး အားစိုက်လေ့လာဖြစ်ခဲ့ပါတယ်။ ဘာသာရပ်အလိုက် အချိန်ဇယားစွဲပြီး စနစ်တကျကျက်မှတ်ခဲ့ပါတယ်။ ဆေးတက္ကသိုလ် တက်ရောက်ပြီး ဆရာဝန်ကောင်း တစ်ယောက်ဖြစ်အောင် ဆက်လက်ကြိုးစားသွားမှာပါ။ သမီးက ကလေးတွေကို ချစ်တတ်တဲ့အတွက် ကလေးအထူးကု ဆရာဝန်တစ်ယောက် ဖြစ်ချင်ပါတယ်။ သမီးဒီလို အောင်မြင်မှုရရှိအောင် သင်ကြားပေးတဲ့ ဆရာကြီး၊ ဆရာမကြီးတွေ အားလုံးနဲ့ ကျေးဇူးရှင်မိဘနှစ်ပါးကိုလည်း ကျေးဇူးတင်ရှိပါတယ်။
မအိနဒီကျော်
(မြန်မာတစ်နိုင်ငံလုံး သိပ္ပံတွဲ ဒသမအဆင့် အမှတ်အများဆုံးရရှိသူ)
သမီးက အမှတ်ပေါင်း ၅၃၈ မှတ်ရရှိခဲ့ပါတယ်။ ဒီလိုအောင်မြင်မှုရရှိဖို့ စာသင်နှစ်စကတည်းက စာကို တစိုက်မတ်မတ်နဲ့ တစ်နေ့စာတစ်နေ့ ပြီးပြတ်အောင် လေ့လာဆည်းပူးခဲ့ပါတယ်။ ဆရာ ဆရာမတွေ သင်ကြားပေးတဲ့ ဘာသာရပ်အလိုက် သင်ခန်းစာတွေကိုလည်း သေချာဂရုတစိုက် စိတ်ဝင်တစား နားထောင်သင်ယူခဲ့ပါတယ်။ မိဘတွေကလည်း ဘေးနားကနေ လိုအပ်တာတွေကို ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပါတယ်။ သမီးအနေနဲ့ကတော့ နိုင်ငံအတွက်ရော မိဘကိုရော ကျေးဇူးဆပ်နိုင်မယ့် ဆရာဝန်တစ်ယောက် ဖြစ်ချင်ပါတယ်။
မောင်အေးချမ်း


