စစ်တွေ ဩဂုတ် ၂၆
၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် ထူးချွန်စွာအောင်မြင် ခဲ့ကြသူများအား ပညာရည်ချွန်ဆု ချီးမြှင့်ပွဲကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့ ဦးဥတ္တမခန်းမ၌ ကျင်းပရာ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် မိဘများ၊ ဖိတ်ကြားထားသူများ တက်ရောက် ကြသည်။
ဆုချီးမြှင့်ပွဲတွင် ပြည်နယ် ဝန်ကြီးချုပ်က အမှာစကား ပြောကြားပြီး ဂုဏ်ထူးရ ကျောင်းသား ကျောင်းသူများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြု ချီးမြှင့်ငွေများ ပေးအပ်သည်။
ထို့နောက် အခြေခံပညာ အထက်တန်း ကျောင်းများမှ ကျောင်းသား ကျောင်းသူများက တေးသီချင်းများဖြင့် ကပြဖျော်ဖြေ ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီး ချုပ်၏ဇနီး၊ ပြည်နယ်တရား လွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် ပြည်နယ် ဥပဒေချုပ်တို့က ဂုဏ်ထူးရ ကျောင်းသား ကျောင်းသူများနှင့် အောင်ချက် အကောင်းဆုံးဆုရ ကျောင်းအား ဆုတံဆိပ်၊ ဂုဏ်ပြု ချီးမြှင့်ငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာ များပေးအပ်ပြီး လေးဘာသာ ဂုဏ်ထူးရှင် ကျောင်းသားတစ်ဦး က ကျေးဇူးတင်စကား ပြောကြားသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဆရာ ဆရာမများ၊ ထူးချွန်ကျောင်းသား ကျောင်းသူများ၊ မိဘများအား တွေ့ဆုံနှုတ်ဆက်စကား ပြောကြားပြီး ဆုပေးပွဲတွင် ဖျော်ဖြေခဲ့ကြသော ကျောင်းသား ကျောင်းသူ များအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်သည်။
တင်ထွန်း(ပြန်/ဆက်)


