နယူးယောက် အောက်တိုဘာ ၁၈ 

 

၂၀၂၅ ခုနှစ်အတွင်း ကမ္ဘာ့စီးပွားရေးတိုးတက်မှုနှုန်းသည် ၃ ဒသမ ၂ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်းနှင့် ဇူလိုင်လက ခန့်မှန်းထားသည်ထက် သုည ဒသမ ၂ ရာခိုင်နှုန်း ပိုမိုများပြားခဲ့ကြောင်း နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) က ၎င်း၏ ကမ္ဘာ့စီးပွားရေးခန့်မှန်းသုံးသပ်ချက် အစီရင်ခံစာတွင် ဖော်ပြထားသည်။

 

ဖွံ့ဖြိုးပြီးနိုင်ငံများ၏ စီးပွားရေးတိုးတက်မှုနှုန်းသည် ယခုနှစ်အတွင်း ၁ ဒသမ ၆ ရာခိုင်နှုန်းနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ စီးပွားရေးတိုးတက်မှုနှုန်းသည် ၄ ဒသမ ၂ ရာခိုင်နှုန်းတိုးတက်မည်ဟု ခန့်မှန်းထားသော်လည်း ဖွံ့ဖြိုးပြီးနှင့် ဖွံ့ဖြိုးဆဲ နိုင်ငံနှစ်ခုစလုံး၏ စီးပွားရေးတိုးတက်မှုသည် ခန့်မှန်းထားသည်ထက် သုည ဒသမ ၁ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း သိရသည်။  

 

အမေရိကန်၏ အခွန်စည်းကြပ်မှုနှင့် ပတ်သက် ပြီး ယခုအချိန်အထိ မျှော်လင့်ထားသည်ထက် အကျိုး သက်ရောက်မှု ပိုမိုနည်းပါးကြောင်း နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့မှ စီးပွားရေးပညာရှင် ပီရီ-အိုလီဗီယာ ဂိုရန်ချာစ်က ပြောကြား ခဲ့သည်။

 

လာမည့် ၂၀၂၆ ခုနှစ်တွင် ကမ္ဘာ့စီးပွားရေး တိုးတက်မှုနှုန်းသည် ၃ ဒသမ ၁ ရာခိုင်နှုန်းတိုးတက် မည်ဖြစ်ကြောင်း နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ ၏ စီးပွားရေးခန့်မှန်းသုံးသပ်ချက်အစီရင်ခံစာတွင်ခန့်မှန်းဖော်ပြထားသည်။

 

 စီးပွားရေးဆိုင်ရာမူဝါဒမသေချာမရေရာမှုများကို ဖြေရှင်းခြင်း၊ ဉာဏ်ရည်တုနည်းပညာဖြင့် စုစုပေါင်း ထုတ်လုပ်မှုစွမ်းအားကို မြှင့်တင်ခြင်းနှင့် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ပေးသည့် လက်တွေ့ကျပြီး လိုက်လျော ညီထွေမှုရှိသော နိုင်ငံစုံစနစ်တစ်ခုကို ထူထောင်ခြင်းသည် ကမ္ဘာ့စီးပွားရေးဆိုင်ရာ စိန်ခေါ်မှုများကို   ဖြည့်ဆည်းပေး မည်ဖြစ်ကြောင်း နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့က အကြံပြုထားသည်။

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - အောင်ကျော်ကျော်