ရန်ကုန် နိုဝင်ဘာ ၂၁

 

(၂၄)ကြိမ်မြောက် အာဆီယံဘဏ်လုပ်ငန်းဆိုင်ရာညီလာခံနှင့် (၅၃)ကြိမ်မြောက် အာဆီယံဘဏ်လုပ်ငန်းကောင်စီ အစည်းအဝေးများကို မြန်မာနိုင်ငံဘဏ်များအသင်းက အိမ်ရှင်အဖြစ် နိုဝင်ဘာ ၁၉ ရက်မှ ၂၁ ရက်အထိရန်ကုန်မြို့ Novotel Yangon Max Hotel ၌ ကျင်းပသည်။

 

(၅၃)ကြိမ်မြောက် အာဆီယံဘဏ်လုပ်ငန်းကောင်စီ အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ကျင်းပရာ အာဆီယံနိုင်ငံ ဘဏ်အသင်းများမှ ကိုယ်စားလှယ် စုစုပေါင်း ၁၃၀ ကျော် တက်ရောက်ကြပြီး အစည်းအဝေးတွင် အာဆီယံဘဏ်များ အသင်း၏ (၅၂)ကြိမ်မြောက် အာဆီယံ ဘဏ်လုပ်ငန်းကောင်စီ အစည်းအဝေး ဆုံးဖြတ်ချက်များကို အတည်ပြုကြကာ နိုဝင်ဘာ ၂၀ ရက်တွင် ကျင်းပခဲ့သော အမြဲတမ်း ကော်မတီ (၃)ရပ်ဖြစ်သည့် Cooperation in Finance, Investment, Trade and Technology Committee (COFITT), ASEAN Inter-Regional Relation Committee (ASEAN IRR) နှင့် Banking Education Committee တို့၏ အစည်းအဝေး အစီရင်ခံစာများကို အတည်ပြုကြသည်။

 

ထို့နောက် အာဆီယံဘဏ်များအသင်း အလှည့်ကျဥက္ကဋ္ဌတာဝန်ကို လက်ရှိ ဖိလစ်ပိုင်နိုင်ငံဘဏ်များအသင်းက စင်ကာပူနိုင်ငံဘဏ်များအသင်းသို့ တာဝန်လွှဲအပ်ခြင်း နှင့် (၅၄)ကြိမ်မြောက် အာဆီယံ ဘဏ်လုပ်ငန်းကောင်စီ အစည်းအဝေးကျင်းပမည့် ကာလနှင့်နေရာတို့ကို ဖိလစ်ပိုင်နိုင်ငံ ဘဏ်များအသင်းဥက္ကဋ္ဌက ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တွင် ၂၀၂၆ ခုနှစ် နိုဝင်ဘာတွင် ကျင်းပရန် လျာထားသတ်မှတ်ကြောင်း ကြေညာပြီး အာဆီယံဘဏ်များ အသင်းဥက္ကဋ္ဌက နိဂုံးချုပ်အမှာ စကားပြောကြားကာ အစည်းအဝေးကို အောင်မြင်စွာရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ကိုမိုး