နေပြည်တော် စက်တင်ဘာ ၂၂

 

၂၀၂၅ ခုနှစ် (၃၂)ကြိမ်မြောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဒိုင်း တပ်မတော် (ကြည်း၊ ရေ၊ လေ) (အမျိုးသား၊ အမျိုးသမီး) မြန်မာ့သိုင်းပြိုင်ပွဲဖွင့်ပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ် နဝဒေးအားကစားရုံ၌ ကျင်းပရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုယ်စား တိုင်းမှူးဗိုလ်ချုပ် ပြည့်စုံလင်းနှင့် တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဒိုင်အဖွဲ့ဝင်များနှင့် ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်ကြသည်။

 

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုယ်စား တိုင်းမှူးက အမှာစကားပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများသည် အဖွင့်ပွဲစဉ်များဖြစ်သည့် အမျိုးသား ဗန်တိုအတိုက်ပြိုင်ပွဲ၊ အမျိုးသမီး ပန်ကြပ်အတိုက်ပြိုင်ပွဲ၊ အမျိုးသား ဓားတစ်လက်အတိုက်ပြိုင်ပွဲနှင့် အမျိုးသမီး ဓားတစ်လက်အတိုက်ပြိုင်ပွဲ ယှဉ်ပြိုင်မှုများကို ကြည့်ရှုအားပေးကြသည်။

 

အဆိုပါ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဒိုင်း မြန်မာ့သိုင်းပြိုင်ပွဲတွင် ဗန်တိုအတိုက်ပြိုင်ပွဲ၊ ဓားတစ်လက်အတိုက်ပြိုင်ပွဲ၊ ဓားနှစ်လက်အတိုက်ပြိုင်ပွဲ၊ ပန်ကြပ်အတိုက်ပြိုင်ပွဲ၊ စွမ်းရည်ပြပြိုင်ပွဲ စသည့် အမျိုးအစား ငါးမျိုးပါဝင်ပြီး ပြိုင်ပွဲဝင်အသင်း ၁၅ သင်းဖြင့် အောက်တိုဘာ ၃ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်