နေပြည်တော်  စက်တင်ဘာ  ၂၉

၂၀၂၅   ခုနှစ်   ဒီဇင်ဘာလတွင် ထိုင်းနိုင်ငံ၌ကျင်းပမည့်     (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ        အားကစားပြိုင်ပွဲသို့    ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် နေပြည်တော်တွင်     စခန်းဝင်လေ့ကျင့်လျက်ရှိသည့် ပဏာမလက်ရွေးစင်လက်ဝှေ့အားကစားသမားများနှင့်     ကာကွယ်ရေးဝန်ကြီးဌာနမှ လက်ဝှေ့အားကစားသမားများ၏ လက်ရည်စမ်း(Sparring)ပြိုင်ပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်  ဝဏ္ဏသိဒ္ဓိ အားကစားကွင်းအတွင်းရှိ လေ့ကျင့်ရေးအားကစားရုံ၌ ကျင်းပရာ   မြန်မာနိုင်ငံ    အိုလံပစ်ကော်မတီ   အတွင်းရေးမှူး  အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြည့်ရှုအားပေးသည်။

လက်ဝှေ့လက်ရည်စမ်း အမျိုးသားပြိုင်ပွဲ ပွဲစဉ်များအဖြစ် (၅၇)ကီလိုတန်းပြိုင်ပွဲတွင် လမင်းကိုကို (Gold Camp)နှင့်  ချစ်စမ်းမောင်(ကာကွယ်ရေး)၊ (၆၀)ကီလို တန်းပြိုင်ပွဲတွင် နုတ်မာရ် (Gold Camp)နှင့် ဝါဆို(ကာကွယ်ရေး)၊ (၆၉)ကီလိုတန်းပြိုင်ပွဲတွင် သီဟဇော်(Gold Camp)နှင့် ကျော်မင်းဦး(ကာကွယ်ရေး)၊ (၇၅)ကီလိုတန်း ပြိုင်ပွဲတွင် အောင်ဇင်ထိုက်(Gold Camp)နှင့်       အောင်ပြည့်ဖြိုး (ကာကွယ်ရေး)တို့ အကြိတ်အနယ်ယှဉ်ပြိုင်ကြသည်။

ပြိုင်ပွဲများအပြီးတွင်     ဒုတိယဝန်ကြီးသည် တာဝန်ရှိသူများနှင့်အတူ  လက်ရည်စမ်းပြိုင်ပွဲ၌ ပါဝင် ယှဉ်ပြိုင်ခဲ့ကြသူများကို  ဂုဏ်ပြုချီးမြှင့်ငွေများ  ပေးအပ်ကြပြီး ပဏာမလက်ရွေးစင်လက်ဝှေ့   အားကစားသမားများနှင့် ကာကွယ်ရေးဝန်ကြီးဌာနမှ လက်ဝှေ့အားကစားသမားများနှင့် တွေ့ဆုံကာ   အဖွဲ့ချုပ်မှ  တာဝန်ရှိသူများနှင့် အုပ်ချုပ်သူ၊  နည်းပြများအနေဖြင့် ပြိုင်ပွဲများ လစဉ်ကျင်းပပေးနိုင်ရေး စီစဉ်ဆောင်ရွက်သွားရန်လိုကြောင်း၊ ယခုလက်ရည်စမ်းပြိုင်ပွဲ ယှဉ်ပြိုင်ခဲ့မှုများအပေါ် မိမိအားကစားသမားများ၏ အားနည်းချက်၊ အားသာချက်များကို ပြန်လည်လေ့လာသုံးသပ်ပြီး ထိချက်များ မှန်ကန်၍ နည်းစနစ်များ၊ နည်းဗျူဟာများနှင့် ဖြတ်ထိုးဉာဏ်များသုံးပြီး ပြိုင်ပွဲတွင် အနိုင်ရရှိအောင် ပြန်လည်လေ့ကျင့်သင်ကြားပေးသွားရန်   မှာကြားခဲ့ကြောင်း  သိရသည်။

သတင်းစဉ်