နေပြည်တော် အောက်တိုဘာ ၂၈
(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ဂျူဒိုအားကစားသမားများအား နောက်ဆုံးဆန်ခါတင် လက်ရည်ဆန်းစစ်ခြင်းနှင့် ၂၀၂၅ ခုနှစ် ကမ္ဘာ့ဂျူဒိုနေ့အထိမ်းအမှတ် ဂျူဒိုပြိုင်ပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း (Gold Camp)ရှိ ဂျူဒိုလေ့ကျင့်ရေးခန်းမ၌ ကျင်းပသည်။
ယနေ့ လက်ရည်ဆန်းစစ်ဂျူဒို ပြိုင်ပွဲ ပွဲစဉ်များအဖြစ် အမျိုးသား/အမျိုးသမီးတစ်ဦးချင်း ဝိတ်တန်းအလိုက် အတိုက်ပြိုင်ပွဲ အုပ်စုပတ်လည်ပွဲစဉ်များ၊ ဗိုလ်လုပွဲပွဲစဉ်များကို ယှဉ်ပြိုင်ကြပြီး ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ အမျိုးသမီး (-၅၂) ကီလိုတန်းပြိုင်ပွဲတွင် ပထမ အိအိဝင်း(GC)၊ ဒုတိယ မေဇင်ဖြိုး (YC)၊ ပူးတွဲတတိယ နော်မြတ်နိုးရွှေစင်(YC)နှင့် ဆောင်ယုံ(YC)တို့ကို မြန်မာနိုင်ငံ ဂျူဒိုအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးဦးခိုင်ကလည်း ကောင်း၊ အမျိုးသမီး (-၅၇)ကီလို တန်းပြိုင်ပွဲတွင် ပထမပြည့်စုံအောင် (GC)၊ ဒုတိယ အိအိသဇင်ဇော် (GC)၊ ပူးတွဲ တတိယ နန်းဖြိုးသီရိဟန်(YC)နှင့် ပိုးအိလွင်(GC)တို့ကို အားကစားနှင့် ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းဦးကလည်းကောင်း၊ အမျိုးသမီး(-၇၀)ကီလိုတန်းပြိုင်ပွဲတွင် ပထမဆောင်းဦးဝေ(GC)၊ ဒုတိယ ထက်ထက်လင်း(YC)၊ တတိယ နန်းနုနုခေါင်(YC)နှင့် အမျိုးသား(-၆၆)ကီလိုတန်းပြိုင်ပွဲတွင် ပထမဖြိုးကျော်ကျော်(YC)၊ ဒုတိယ စောမြသံစဉ်(YC)၊ ပူးတွဲတတိယ အောင်ဆက်ပိုင်(YC)နှင့် အိဇက် (YC)တို့ကို အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးက လည်းကောင်း၊ အမျိုးသား(-၇၃)ကီလိုတန်းပြိုင်ပွဲတွင် ပထမ လရောင်ရှန်(GC)၊ ဒုတိယ လှိုင်မင်းခန့်(GC)၊ ပူးတွဲတတိယ ထက်အောင် (GC)နှင့် ကျော်ဆွေ(YC) နှင့် အမျိုးသား(-၈၁)ကီလိုတန်းပြိုင်ပွဲတွင် ပထမ သန့်ဇင်ဝင်းအောင် (GC)၊ ဒုတိယချစ်ကိုကို(GC)၊ တတိယအောင်ပြည့်ဖြိုး(YC)တို့ကို မြန်မာနိုင်ငံ ဂျူဒိုအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးထွန်းထွန်းက လည်းကောင်း၊ အမျိုးသမီး (+၇၀)ကီလိုတန်း ပြိုင်ပွဲတွင် ပထမအေးအေးအောင် (GC)၊ ဒုတိယ ဖြိုးရွှေစင်ကျော်(GC)၊ တတိယ နန်းသဲနုနုစံ(YC)နှင့် အမျိုးသား(-၉၀)ကီလိုတန်းပြိုင်ပွဲတွင် ပထမ ကျော်ခန့်စိုး(GC)၊ ဒုတိယ ဇော်လင်းဖြိုး ပူးတွဲတတိယ စထက်ဝေဖြိုး(YC)နှင့် အောင်ပိုင်ခန့်(YC)တို့ကို မြန်မာနိုင်ငံ အိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က လည်းကောင်း ဆုများပေးအပ်ချီးမြှင့်သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးထံ မြန်မာနိုင်ငံ ဂျူဒိုအဖွဲ့ချုပ်ဥက္ကဋ္ဌက ၂၀၂၅ ခုနှစ် ကမ္ဘာ့ဂျူဒိုနေ့ အထိမ်းအမှတ် ဒီပလိုမာ မှတ်တမ်းလွှာကို ပေးအပ်သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက အုပ်ချုပ်/နည်းပြများနှင့် အားကစားသမားများအား တွေ့ဆုံပြီး မကြာမီ (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် အောင်မြင်မှုများ ရရှိစေရေးအတွက် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကြိုးစားလေ့ကျင့်သွားကြရန်လိုကြောင်း၊ ပြိုင်ပွဲနီးကပ်လာပြီဖြစ်၍ ကျန်းမာရေးအထူးဂရုစိုက်ကြရန်နှင့် လေ့ကျင့်မှုပြုလုပ်ရာတွင် ထိခိုက်ဒဏ်ရာမရရှိအောင် ဂရုစိုက်လေ့ကျင့်သွားရန် မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်


