ရန်ကုန်   ဒီဇင်ဘာ    ၁၄

ဒီဇင်ဘာ ၉ ရက်မှ ၂၀  ရက်အထိ ထိုင်းနိုင်ငံ  ဗန်ကောက်မြို့၌ ကျင်းပသည့် (၃၃)ကြိမ်မြောက်  အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ဘိလိယက်အားကစားနည်းမှ  အမျိုးသား စနူကာအနီ ခြောက်လုံး တစ်ဦးချင်းပြိုင်ပွဲတွင် တတိယ ကြေးတံဆိပ်ဆုရ  နေမင်းထွန်း၊   အမျိုးသား စနူကာအနီ ၁၅ လုံး အသင်းလိုက်ပြိုင်ပွဲတွင်  တတိယ ကြေးတံဆိပ်ဆုရ ကျော်ဝေယံစိုး၊ တိုက်ကွမ်ဒိုအားကစားနည်းမှ အမျိုးသမီး -57kg  ပြိုင်ပွဲတွင် တတိယ ကြေးတံဆိပ်ဆုရရှိသော  မိုးမြင့်မြတ်၊ အမျိုးသမီး -62kg ပြိုင်ပွဲတွင် တတိယ ကြေးတံဆိပ်ဆုရရှိသော နန်းသုန္နရီ ကောင်း၊ အလေးမအားကစားနည်းမှ အမျိုးသမီး (၅၃) ကီလိုတန်းတွင် တတိယ ကြေးတံဆိပ်ဆုရရှိသော နော်တဘိုးရာနှင့် အားကစားအဖွဲ့ဝင်များသည် ယနေ့ညနေပိုင်းတွင် အပြည်ပြည်ဆိုင်ရာ  မြန်မာလေကြောင်းလိုင်း(MAI) ဖြင့် ရန်ကုန်မြို့သို့  ပြန်လည်ရောက်ရှိလာရာ  အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ပြိုင်ပွဲဝင်အားကစားသမားများ၏ မိဘဆွေမျိုးများက ဂုဏ်ပြုကြိုဆိုကြကြောင်း သိရသည်။                    

သတင်းစဉ်