ရန်ကုန် ဒီဇင်ဘာ ၁၂

ဒီဇင်ဘာ ၉ ရက်မှ ၂၀ ရက်အထိ ထိုင်းနိုင်ငံ ဗန်ကောက်မြို့၌ ကျင်းပသည့် (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ကနူး/ကယက် အားကစား အဖွဲ့နှင့် အုပ်ချုပ်မှုအဖွဲ့တို့သည် ယနေ့ ညနေ ၆ နာရီ ၃၅ မိနစ်တွင် အပြည်ပြည်ဆိုင်ရာ မြန်မာ့ လေကြောင်း လိုင်း(MAI) ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပြန်လည်ရောက်ရှိ လာရာ အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင် အားကစားသမားများ၏ မိဘဆွေမျိုးများက ဂုဏ်ပြုကြိုဆိုကြသည်။

ပြန်လည်ရောက်ရှိလာသော မြန်မာကနူး/ကယက် အားကစား အဖွဲ့တွင် အမျိုးသမီး ကယက် တစ်ယောက်လှော် ကြေးတံဆိပ်ဆုရှင် ပိုပိုအောင်နှင့်အတူ နည်းပြ၊ အားကစားသမား သုံးဦး၊ အုပ်ချုပ်မှုအဖွဲ့ဝင် ငါးဦး စုစုပေါင်း ၁၀ ဦး ပြန်လည်လိုက်ပါလာကြောင်း သိရသည်။

သတင်းစဉ်