(၃၃)ကြိမ်မြောက်   ထိုင်းဆီးဂိမ်းပြိုင်ပွဲ၏   တိုက်ကွမ်ဒိုပြိုင်ပွဲ ပထမနေ့ကို ဒီဇင်ဘာ ၁၀ ရက်က စတင်ကျင်းပရာ မြန်မာတိုက်ကွမ်ဒိုအဖွဲ့ ကြေးတံဆိပ်တစ်ခု စတင်ဆွတ်ခူးရရှိသည်။

မြန်မာတိုက်ကွမ်ဒိုအဖွဲ့သည် အမျိုးသား+အမျိုးသမီး အသင်းလိုက် ကကွက်ပြိုင်ပွဲတွင် ကြေးတံဆိပ်ဆု ရယူနိုင်ခဲ့ခြင်းဖြစ်သည်။ ယင်းပြိုင်ပွဲတွင် ဗီယက်နမ်အသင်းက ၈ ဒသမ ၀၆၀ မှတ်ဖြင့် ရွှေတံဆိပ်၊ အိမ်ရှင် ထိုင်းအသင်းက  ၇ ဒသမ  ၉၄၀  မှတ်ဖြင့်  ငွေတံဆိပ်၊  မြန်မာအသင်းနှင့် ဖိလစ်ပိုင်အသင်းတို့က ပူးတွဲကြေးတံဆိပ်ဆုရရှိသည်။

တိုက်ကွမ်ဒိုပြိုင်ပွဲ     ပထမနေ့တွင်    ကကွက်တစ်ဦးချင်းနှင့် အသင်းလိုက်ပြိုင်ပွဲများသာ ကျင်းပခြင်းဖြစ်ပြီး ဒီဇင်ဘာ ၁၁ ရက်မှ ၁၃ ရက်အထိ အတိုက်ပွဲစဉ်များ ဆက်လက်ပြုလုပ်မည်ဖြစ်သည်။

သတင်း-မောင်စံကြီး

ဓာတ်ပုံ-MTF