ရန်ကုန်   စက်တင်ဘာ   ၂၅

စက်တင်ဘာ ၂၂  ရက်မှ ၂၄ ရက်အထိ ဘရူနိုင်းနိုင်ငံ The Empire Country Club နှင့် The Pantai Mentiri Golf Club တို့၌ ကျင်းပသည့် 39th Asean Senior Amateur Championship 2025 ဂေါက်သီးရိုက်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော မြန်မာစီနီယာ အပျော်တမ်းဂေါက်သီးရိုက်အသင်း ချန်ပီယံဆုအပါအဝင် အောင်မြင်မှုများ ရယူနိုင်ခဲ့သည်။

39th Asean Senior Amateur Cham-pionship   2025   ဂေါက်သီးရိုက်ပြိုင်ပွဲ၏ အသင်းလိုက်        အကျောမဲ့ပြိုင်ပွဲတွင် ဦးကိုကိုအေး(MGF)၊   ဦးအိုက်ပန်း(MGF)၊ ဦးစိုး(မန္တလေး)နှင့် ဦးစန်းလွင် (မန္တလေး)တို့ ပါဝင်သော မြန်မာအသင်းက  ချန်ပီယံဆု၊ တစ်ဦးချင်း အကျောမဲ့ပြိုင်ပွဲတွင် ဦးအိုက်ပန်းက ချန်ပီယံဆု၊ ဦးစိုး(မန္တလေး)က တတိယ၊ ဦးဆန်းမင်း(မော်လမြိုင်)က    စတုတ္ထနှင့် ဦးကိုကိုအေးက   ဒသမနေရာ  အသီးသီးရရှိ သည်။ ယင်းပြိုင်ပွဲတွင် အိမ်ရှင်ဘရူနိုင်း အပါ အဝင် မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်းနှင့် မြန်မာနိုင်ငံ    စုစုပေါင်း   နိုင်ငံ  ခြောက်နိုင်ငံ အသက် ၅၅ နှစ်နှင့်အထက် စီနီယာအပျော်တမ်း ဂေါက်သီးရိုက်ကစားသမား၂၅၆ ဦး ဝင်ရောက်ယှဉ်ပြိုင် ကြသည်။

မြန်မာစီနီယာ အပျော်တမ်းဂေါက်သီးရိုက်အသင်းတွင် ကစားသမားများအဖြစ် မြန်မာနိုင်ငံ ဂေါက်သီးရိုက်အားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးကိုကိုအေး၊ မြန်မာနိုင်ငံဂေါက်သီးအားကစား အဖွဲ့ချုပ်  ဒုတိယဥက္ကဋ္ဌများဖြစ်သော ဦးဇာနည်ဝင်း၊ ဦးလှမြင့်ရွှေ(ဥက္ကဋ္ဌ၊ မြန်မာစီနီယာအပျော်တမ်း ဂေါက်သီးရိုက်အဖွဲ့ ဆပ်ကော်မတီဥက္ကဋ္ဌ)၊ မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒေါက်တာမြင့်ဦး(ပြိုင်ပွဲဝင်အသင်းခေါင်းဆောင်)၊ မြန်မာနိုင်ငံ    ဂေါက်သီးအားကစားအဖွဲ့ချုပ် တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးမြင့်အောင် (ပြိုင်ပွဲဝင်အသင်း ဒုတိယခေါင်းဆောင်)၊ ဗဟိုအလုပ်အမှုဆောင်များဖြစ်ကြသော ဦးဝင်းမြင့်ချင်း၊  ဦးအိုက်ပန်း၊  ဦးတင်မောင်မောင်ဝင်း၊ ဦးစိုးတို့နှင့် ကျန်ကစားသမားများအဖြစ် ဦးဇော်မင်း(ခ)လုလု၊ ဦးကျော်မြင့်လှိုင်၊ ဦးအုန်းကျော်၊ ဦးစိုင်းဖိလစ်ရီ၊ ဦးဆန်းဦးလှိုင်၊  ဦးဆန်းမင်း၊  ဦးစိုးလှိုင်၊   ဦးရွှေထွန်းလှိုင်၊  ဦးကျော်စိန်လင်းနှင့် ဦးစန်းလွင်တို့ ပါဝင်ကြသည်။

မြန်မာနိုင်ငံသည်    ASEAN    Senior Amateur Golf Associations အဖွဲ့ဝင်အဖြစ် ၂၀၂၃ ခုနှစ်တွင် စတင်ဝင်ရောက်ခွင့်ရရှိခဲ့ပြီး ယခုနှစ်တွင်ကျင်းပသော 39th Asean Senior Amateur Championship 2025 ဂေါက်သီးရိုက်ပြိုင်ပွဲတွင် အောင်မြင်မှုများ ရယူနိုင်ခဲ့ခြင်းဖြစ်သည်။

သတင်း - ကိုညီလေး၊ ဓာတ်ပုံ - MGF