စစ်တွေ   ဒီဇင်ဘာ   ၁၅

(၄၇)နှစ်မြောက် ရခိုင်ပြည်နယ်နေ့အထိမ်းအမှတ် ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ ဂေါက်သီးရိုက်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၁၂ ရက်က စစ်တွေမြို့ ဓညဝတီဂေါက်ကလပ် ဂေါက်သီးရိုက်လေ့ကျင့်ရေးကွင်း၌ ကျင်းပသည်။

အခမ်းအနားတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်းနှင့် တာဝန်ရှိသူများက မြို့နယ် အသီးသီးမှ ရောက်ရှိလာကြသော ဂေါက်သီးရိုက်အားကစားသမားများအား လိုက်လံနှုတ်ဆက်ကြပြီး ဆုချီးမြှင့်ပွဲကို ဆက်လက်ကျင်းပရာ အမှတ်(၄) လုံခြုံရေး ရဲတပ်ရင်းများ ကွပ်ကဲရေးမှူး၊ ရဲမှူးချုပ်၊ ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာန ဦးစီးမှူး၊ စစ်တွေခရိုင်အုပ်ချုပ်ရေးမှူး၊ ဒေသကွပ်ကဲမှု စစ်ဌာနချုပ်(စစ်တွေ) ခေတ္တဒေသကွပ်ကဲရေးမှူးတို့က အသင်းလိုက် အကောင်းဆုံးဆု၊ အသက်အကြီး ဆုံး အားကစားသမားဆု၊ အထူးဆု၊ အကောင်းဆုံး ယှဉ်ပြိုင်သူအားကစားသမားဆုတို့ကို ပေးအပ်ချီးမြှင့်ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေ ချုပ်နှင့်အစိုးရအဖွဲ့အတွင်းရေးမှူးတို့က အသက် ၅၅ နှစ်နှင့်အထက်ပထမ၊ ဒုတိယ၊ တတိယဆုရရှိကြသော အားကစားသမားများနှင့် ပွဲစဉ်အလိုက် အကောင်းဆုံးဆုရသူများအား ဆုများပေးအပ်ချီးမြှင့်ကြသည်။

ဆက်လက်၍ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးက အသင်းလိုက်အလျော့ပေးပထမဆု ရရှိသော သံတွဲမြို့နယ်အသင်းအား တစ်ဦးချင်း ဆုတံဆိပ်နှင့် ဆုဖလားကိုလည်းကောင်း၊ ပြည်နယ် ဝန်ကြီးချုပ်က အသင်းလိုက်အကျော့မဲ့ ပထမဆုရရှိသော မောင်တောမြို့အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် တံခွန်စိုက်ဆုဖလားကိုလည်းကောင်း ပေးအပ်ကြသည်။

အဆိုပါပြိုင်ပွဲသို့ ပြည်နယ်အတွင်းရှိ မြို့နယ် ၁၇ မြို့နယ်မှ ပြိုင်ပွဲဝင်အသင်း ၃၁ သင်း၊ ကစားသမား ၁၅၀ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

တင်ထွန်း(ပြန်/ဆက်)