ဟားခါး ၁၇ ဖေဖော်ဝါရီ
(၇၁)နှစ်မြောက် ချင်းအမျိုးသားနေ့ကို ဖေဖော်ဝါရီ ၂၀ ရက်တွင် ချင်းပြည်နယ် ဟားခါးမြို့ ဝမ္မသူးမောင် အားကစားကွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း ပြည်နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။
(၇၁)နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနား ကျင်းပမှုနှင့်အတူ ချင်းရိုးရာ ပွဲတော်များ၊ ဌာနဆိုင်ရာနှင့် လူမှုရေးအသင်းအဖွဲ့များမှ ပြခန်းများ ဖွင့်လှစ်ပြသမည်ဖြစ်ပြီး ရိုးရာဝတ်စားဆင်ယင်မှုပြိုင်ပွဲ၊ ရိုးရာယဉ်ကျေးမှုအကများနှင့် စင်တင်တေးဂီတ ဖျော်ဖြေမှုများ ပါဝင်မည်ဖြစ်ရာ ချင်းအမျိုးသားနေ့ပွဲတော်သို့ မည်သူမဆို လာရောက်အားပေး ပါဝင်ဆင်နွှဲနိုင်ကြောင်း ချင်းအမျိုးသားနေ့ ကျင်းပရေးကော်မတီမှ သိရသည်။
MDN


