ပင်းတယ   ၁၁    ဖေဖော်ဝါရီ   

 


၂၀၁၉ခုနှစ်၊ ဖေဖော်ဝါရီလ  ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၂)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးခရိုင် ညောင်ရွှေမြို့နယ်မှ အပျော်စီး စက်ဘီးစီး အဖွဲ့ဖြစ်သော Southin Shan State Old Star Cycling and Cyclist Nyaung Shwe Group စက်ဘီးစီးအဖွဲ့ဝင်များက ညောင်ရွှေမြို့မှ ပင်းတယမြို့သို့ အပျော်တမ်း စက်ဘီးစီးနင်းကြ မည်ဖြစ်ကြောင်း သိရသည်။

 


အဆိုပါ စက်ဘီးစီးအဖွဲ့သည် ပင်းတယမြို့သို့စက်ဘီးစီးနင်လာရာတွင် ပင်းတယမြို့မှ မြို့နယ်အုပ်ချုပ်ရေးမှူးဦးထက်အောင်ဖြိုးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက သစ်အယ်ပင် ကျေးရွာအနီး ပင်းတယမြို့အဝင်ဆိုင်းဘုတ်၌ ကြိုဆိုကာ အတူတကွ ပင်းတယမြို့တစ်ပတ် စက်ဘီးစီး နင်းကြမည်ဖြစ်ကြောင်းနှင့် စက်ဘီးစီးနင်းသူများကို Golden Moon စားသောက်ဆိုင်မှ နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံကျွေးမွေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

ခင်မျိုးနွယ်(ပင်းတယ)