ရန်ကုန် ဒီဇင်ဘာ ၈
၂၀၂၆ ခုနှစ် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် (အကြို)ကာယစွမ်းရည်ပြိုင်ပွဲဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက ဗဟန်းမြို့နယ် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာန မူလတန်းကြိုကျောင်း အမှတ်(၁)ဗဟန်း၌ ကျင်းပသည်။
ဦးစွာ ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးမှ ညွှန်ကြားရေးမှူး ဒေါ်လဲ့ယဉ်ဝင်း၊ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ နေခြည်သက်နိုင်၊ အနောက်ပိုင်းခရိုင် လူမှုဝန်ထမ်းရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်ယုဒါရီ၊ ဗဟန်းမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကံဝင်းတို့က ဖဲကြိုဖြတ်ဖွင့်လှစ်ပေးကြပြီး ရင်သွေးငယ်လေးများ၏ အကအလှများဖြင့် ဖျော်ဖြေတင်ဆက်မှု၊ ကာယစွမ်းရည်ပြိုင်ပွဲများ ယှဉ်ပြိုင်မှုများကို ကြည့်ရှုအားပေးကြသည်။
ပြိုင်ပွဲများအပြီးတွင် ဆုရရှိကြသော ရင်သွေးငယ်လေးများအား အနောက်ပိုင်းခရိုင် လူမှုဝန်ထမ်းရုံး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝင်းသိင်္ဂီမင်း၊ အမှတ်(၁)ဗဟန်းမူလတန်းကြိုကျောင်း ကျောင်းအုပ်ကြီး ဒေါ်လွင်လွင်နွယ်နှင့် တာဝန်ရှိသူများက ဆုများချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
ဗလ


