ကျုံပျော် ဒီဇင်ဘာ ၂၂
(၇၈)နှစ်မြောက်လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်မြို့ တေဇရပ်ကွက်ရှိ ဗန္ဓုလကွန်ကရစ်လမ်းသစ်ကို ယနေ့နံနက်ပိုင်းတွင် ဖွင့်လှစ်သည်။
အဆိုပါ လမ်းသစ်ဖွင့်ပွဲတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့ အဖွဲ့ဝင် မန်းငြိမ်းမောင်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ခန့်မွန်ဆွေတို့က လမ်းကိုဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များထံ တာဝန်ရှိသူများက ဖွင့်ပွဲအထိမ်းအမှတ် လက်ဆောင်ပစ္စည်းများပေးအပ်ပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကာ ကွန်ကရစ်လမ်းသစ်ကို ကြည့်ရှုစစ်ဆေးသည်။
အဆိုပါ ကွန်ကရစ်လမ်းသစ်မှာ အရှည် ၈၆၈ ပေ၊ အကျယ် ၁၂ ပေ၊ ဒု ခြောက်လက်မရှိပြီး ကျုံပျော် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၅-၂၀၂၆ဘဏ္ဍာနှစ် ငွေလုံးငွေရင်းရန်ပုံငွေနှင့် ပြည်သူ ထည့်ဝင်ငွေကျပ် ၂၆ ဒသမ ၅ သန်းပါဝင်၍ စုစုပေါင်းငွေကျပ် ၇၀ ဒသမ ၉၆၅၁ သန်းဖြင့် လုပ်ငန်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


