ရန်ကုန်      ဒီဇင်ဘာ       ၂၃

၂၀၂၅ အာဆီယံ ယူ-၁၉ ဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲ အုပ်စုပထမနေ့ကို ဒီဇင်ဘာ ၂၃ ရက်က ထိုင်းနိုင်ငံ၌ စတင်ကျင်းပရာ မြန်မာအသင်းနှင့် မလေးရှားအသင်းတို့ သုံးဂိုးစီသရေကျခဲ့သည်။

ပြိုင်ပွဲကို အုပ်စုနှစ်ခုခွဲ ကျင်းပနေပြီး မြန်မာအသင်းသည် အုပ်စု(B)တွင် အင်ဒိုနီးရှား၊ မလေးရှားတို့နှင့် ကျရောက်နေသည်။မြန်မာအသင်းသည် အဖွင့်ပွဲတွင် သရေတစ်မှတ်သာ ရယူနိုင်သဖြင့် ဒုတိယပွဲတွင်ရလဒ်ကောင်းရန် လိုအပ်နေသည်။ မြန်မာအသင်းသည် ပထမပိုင်းတွင် သုံးဂိုး- တစ်ဂိုးဖြင့် ဦးဆောင်ပြီးမှ ဒုတိယပိုင်းတွင် ဂိုးများပြန်ပေးခဲ့ရခြင်းဖြစ်သည်။ မြန်မာအသင်းသည် အုပ်စုဒုတိယပွဲအဖြစ် ဒီဇင်ဘာ ၂၄ ရက် မြန်မာစံတော်ချိန် မွန်းလွဲ ၁ နာရီခွဲတွင် အင်ဒိုနီးရှားအသင်းနှင့် ကစားရမည်ဖြစ်သည်။   

သတင်း - ရှိုင်းထက်ဇော်၊ ဓာတ်ပုံ - MFF