နေပြည်တော်  ဩဂုတ်  ၁၈

(၁၃)ကြိမ်မြောက် အာဆီယံအမျိုးသမီးတံခွန်စိုက် ဘောလုံးပြိုင်ပွဲများအား ဩဂုတ် ၆ ရက်မှ ၁၉ ရက်အထိ ဗီယက်နမ်နိုင်ငံတွင် ကျင်းပလျက်ရှိရာ ဗိုလ်လုပွဲစဉ်အဖြစ် မြန်မာအမျိုးသမီးလက်ရွေးစင်အသင်းနှင့်  ဩစတြေးလျ အမျိုးသမီးလက်ရွေးစင်အသင်းတို့သည် ဩဂုတ် ၁၉ ရက် ည ၇ နာရီခွဲ တွင် ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။

အဆိုပါ ပွဲစဉ်ကို ယင်းနေ့ ည ၇ နာရီ ၁၅ မိနစ်မှစတင်၍ MRTV HD  Channel ၊ MRTV Parliament Channel ၊ MRTV Entertainment Channel နှင့် မြန်မာ့အသံရေဒီယိုတို့မှ တိုက်ရိုက်(Live) ထုတ်လွှင့်မည်ဖြစ်သည်။

ထိုသို့ MRTV HD Channel မှ Live ထုတ်လွှင့်မှုကြောင့် ပုံမှန်ထုတ်လွှင့်နေသည့် ည ၈ နာရီ သတင်း အား ည ၁၀  နာရီအချိန်သို့  ပြောင်းလဲထုတ်လွှင့်သွားမည်ဖြစ်ကြောင်း  သိရသည်။  

သတင်းစဉ်