နေပြည်တော် ၂၆ ဖေဖော်ဝါရီ 

 

၂၀၁၉ ခုနှစ် အာဆီယံစွမ်းအင်ဆိုင်ရာ ဆုတံဆိပ်ပြိုင်ပွဲကို လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာနနှင့် အာဆီယံစွမ်းအင်ဆိုင်ရာဗဟိုဌာန (ACE) တို့က ကြီးမှူး၍ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

ပြိုင်ပွဲတွင် နိုင်ငံပိုင်ကဏ္ဍနှင့် ပုဂ္ဂလိကကဏ္ဍတို့မှ စွမ်းအင်ထိရောက်စွာ အသုံးပြုသော အဆောက်အအုံများ (Energy Efficient Building)၊ ပြန်ပြည့်မြဲစွမ်းအင် စီမံကိန်းများ (Renewable Energy Project)၊ အဆောက်အအုံနှင့် စက်ရုံများ၏ အကောင်းဆုံး စီမံခန့်ခွဲမှုစနစ် (Energy Management) နှင့် ကျောက်မီးသွေး အသုံးပြုသည့် စီမံကိန်းများ (Coal Awards) ပါဝင်ယှဉ်ပြိုင်နိုင်ကြောင်း သိရသည်။

 

ပါဝင်ယှဉ်ပြိုင်လိုသူများအနေဖြင့် အဆောက်အအုံ၊ လုပ်ငန်းစီမံကိန်း၊ စက်ရုံ၊ ရုံးဌာနတို့၏ အမည်၊ တည်နေရာ၊ လုပ်ငန်းသဘာဝ၊ ဆက်သွယ်ရမည့် ပုဂ္ဂိုလ်နှင့် ၎င်း၏ နေရပ်လိပ်စာ၊ ဖုန်းနံပါတ်၊ ဖက်စ်နံပါတ်များ ဖော်ပြပြီး ရွေးချယ်စိစစ်ရေး အမျိုးသားကော်မတီ၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း၊ လှိုင်တက္ကသိုလ်ဝင်း၊ လှိုင်မြို့နယ် ဖုန်းနံပါတ် ဝ၁-၅၁၉၆၇၃၊ ဝ၁-၅၁၉၆၇၆ နှင့် ဝ၁-၅၇၉၀၃၈၊ ဖက်စ်နံပါတ် ဝ၁-၅၁၉၆၈၁ နှင့် ဝ၁-၆၆၅၁၉၃ သို့ ပေးပို့ဆက်သွယ်ကာ ၂၀၁၉ ခုနှစ် မတ် ၂၂ ရက် နောက်ဆုံးထား စာရင်းပေးသွင်း၍ ပါဝင်ယှဉ်ပြိုင်နိုင်ကြောင်း သိရသည်။

 

အသေးစိတ် သိရှိလိုပါက မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းမှ ဦးအောင်သက်ပိုင်၊ ဖုန်းနံပါတ် ဝ၉-၄၄၄၈၉၉၆၉၉ သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ကြောင်း သိရသည်။ 

 

(သတင်းစဉ်)