အာဆင်နယ် ခံစစ်ကစားသမားဟောင်း တာကေဟီရို တိုမီယာ ဆုသည် နယ်သာလန်ထိပ်တန်းကလပ် အိုင်းယက်စ်အသင်းသို့ ရာသီကုန်အထိ ကာလတိုစာချုပ်ဖြင့် ပြောင်းရွှေ့မည်ဖြစ်သည်။ အာဆင်နယ် အသင်းသည် ပီယာရို ဟင်ကာပီနှင့် ခရစ္စသီယန် မိုစကွီရာစသည့် ခံစစ်ကစားသမားများကို ခေါ်ယူအားဖြည့်ပြီး နောက် တိုမီယာဆု၏ ပထမအသင်း၌ ကစားခွင့်ရရှိရေးမှာ နည်းပါးလာခဲ့သည်။ အသက် ၂၇ နှစ်အရွယ် အဆိုပါ ခံစစ်ကစားသမားသည် ၂၀၂၁ ခုနှစ်တွင် စီးရီးအေကလပ် ဘိုလော့ဂ်နာအသင်းမှ အမ်းမရိတ်သို့ ပြောင်းရွှေ့ရောက်ရှိလာသူဖြစ်ပြီး အသင်းအတွက် ၈၄ ပွဲ ပါဝင်ကစားထား သည်။
၎င်းသည် ၂၀၂၄ ခုနှစ် အောက်တိုဘာလတွင် အာဆင်နယ်က ဆောက်သမ်တန်အသင်းကို လေးဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သော ပွဲစဉ်၌ နောက်ဆုံးကစားထားသည်။
မိုးဇက်


