ကဘူးလ်    ဒီဇင်ဘာ   ၂၁

အာဖဂန်နစ္စတန်နိုင်ငံ၌ စိုက်ပျိုးရေးထုတ်ကုန်များ သိုလှောင်သိမ်းဆည်းရေးအတွက် အအေးခန်းသိုလှောင်ရုံ ၂၂ ခုကို ထပ်မံတည်ထောင်နေကြောင်း စီးပွားရေးဆိုင်ရာ ဒုတိယဝန်ကြီးချုပ်ရုံးက ဒီဇင်ဘာ၂၀ ရက်တွင် ပြောသည်။

ယင်းသိုလှောင်ရုံများသည်   စိုက်ပျိုးရေးထုတ်ကုန် မက်ထရစ်တန် ၂၆၀၀၀ ကိုသိုလှောင်နိုင်ပြီး သိုလှောင်ရုံများတည်ထောင်ခြင်းဖြင့် သီးနှံရိတ်သိမ်းပြီးနောက် ဖြစ်လာမည့်လေလွင့်မှုများကို တားဆီးနိုင်မည်ဖြစ်ကြောင်း  သိရသည်။ ဒေသခံတောင်သူများအတွက် အကျိုးကျေးဇူးရှိမည်ဖြစ်ပြီး   စီးပွားရေးဖွံ့ဖြိုးသည့် အကျိုးကျေးဇူးကို ရရှိမည်ဖြစ်ကြောင်း   ၎င်းရုံးထုတ်ပြန်ချက်အရ သိရသည်။ တရုတ်နိုင်ငံ၏ အကူအညီဖြင့် ကဘူးလ်နှင့် ဗာ့ခ်ပြည်နယ်တို့တွင်  အအေးခန်းသိုလှောင်ရုံများ  ထပ်မံတည်ထောင်မည်ဖြစ်ပြီး  တောင်သူများအား အကူအညီပေးမည်ဖြစ်ကြောင်း  တာဝန်ရှိသူများက ပြောသည်။          

ကိုးကား- ဆင်ဟွာ

ဘာသာပြန် - စိုးသူရ